ယောင်္ကျားလေးအဆိုတော် အဖွဲ့ ဖြစ်တဲ့ Shinee အဖွဲ့မှ Key ဟာ တစ်ကိုယ်တော် အယ်လ်ဘမ်ထွက်ရှိတော့မှာဖြစ်ပါတယ်။
ယနေ့ အောက်တိုဘာလ ၃၀ မှာ Key ရဲ့ ပထမဦးဆုံး တစ်ကိုယ်တော်သီချင်း Forever Yours ကို ထွက်ရှိမယ့်အကြောင်း သူ့ရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ SM Entertainment မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
Forever Yours MV (ဂီတဗွီဒီယို) ကို ထွက်ရှိမယ့်ရက်ကတော့ နိုင်ဝင်ဘာ ၆ ရက်နေ့ ညနေ ၆ နာရီ အချိန်ဖြစ်ပါတယ်။ သီချင်းအမျိုးအစားကတော့ R&B pop အမျိုးအစား ဖြစ်ပြီး tropical house ဆန်ဆန် ခံစားချက်မျိုးရရှိအောင် ဖန်တီးထားတယ်လို့သိရပါတယ်။Key ရဲ့ ဆန်းပြားပြီး ချိုသာတဲ့ vocal နဲ့ ဘယ်လို tropical ဆန်ဆန် R&B သီချင်းလေးထွက် လာမလဲဆိုတာစိတ်ဝင်စားစရာပါပဲနော်။
ဂီတဗွီဒီယို(MV) ထွက်ရှိပြီးတဲ့နောက်မှာ Key ရဲ့ပထမဦးဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် သီချင်းများကိုလဲ ထွက်ရှိပေးမှာဖြစ်ပါတယ်။ ဒါကတော့ Key ရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ထွက်ရှိမယ့် ပိုစတာဖြစ်ပါတယ်။