1. Home
  2. Movie Stars - Celebrity

Innocence ပရိတ်သတ်တွေသူ့ကို ဝေဖန်တဲ့အပေါ်တုန့်ပြန်လိုက်တဲ့ ထက်ဦးထွဋ်

Movie Stars - Celebrity ต.ค. 30, 2561 view 1,625

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Boy Love Series ဖြစ်တဲ့ Innocence:the series မှာ အဓိကဇာတ်ကောင် မြူခိုးနေရာက ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခြင်းခံခဲ့ရတဲ့ မော်ဒယ် သရုပ်ဆောင် ထက်ဦးထွဋ်ဟာ အကြောင်းအမျိုးမျိုးကြောင့် ထုတ်လုပ်သူ အေဂျင်စီနဲ့ ပြဿနာတက်ပြီး series ကနေနှုတ်ထွက်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး Innocence ရဲ့ ပရိတ်သတ်တချို့က ထက်ဦးထွဋ်အပေါ်ကို မကျေနပ်ချက်များစွာရှိနေကြပါတယ်။ “အစတည်းက မရိုက်နိုင်ရင် မရိုက်ပါနဲ့လား” “အတူရိုက်မယ့်လူကိုမှအားမနာ အလုပ်ကိုအလုပ်လိုသဘောမထားဘူး မလေးမစားနဲ့” “အဲ့တစ်ယောက်နဲ့ ပတ်သတ်ပြီး ဘာမှမကြားချင်ဘူး” “ဒီနေ့ကစပြီး unfollow လုပ်လိုက်ပြီ” အစရှိသဖြင့် လူမှုကွန်ယက်ဖေ့ဘွတ်ခ်မှာ ဝေဖန်ပြောဆိုကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ထက်ဦးထွဋ်က ဒီလိုဖြေကြားထားပါတယ်။ “ကျွန်တော် Innocence ကိုဆက်မရိုက်ဖြစ်တော့ဘူးဆိုတော့ ကျွန်တော့်ကို မုန်းတဲ့ လူတွေများသွားတယ်။ တချို့ကျတော့လဲ ကျွန်တော့်ကိုဆက်ချစ်ပြီးတော့ အတူချစ်နေတဲ့ ပရိတ်သတ်တွေလဲရှိတယ်။ အဲ့အတွက်ကျွန်တော်ဝမ်းသာပါတယ်။ Innocence မှာကျွန်တော်ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ဆက်လက်ထွက်ရှိမယ့် ကျွန်တော့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလဲအားပေးကြပါဦးလို့ပြောချင်ပါတယ်။” လို့ပြောကြားထားပါတယ်။

မော်ဒယ် ထက်ဦးထွဋ်ဟာ Innocence:the series မှာပါဝင်မယ့်သူတစ်ယောက်အဖြစ် နာမည်ကြီး လူကြိုက်များခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီလိုဆက်မရိုက်ဖြစ်ပဲထွက်သွားတဲ့အတွက် ပရိတ်သတ်များရဲ့ ဝေဖန်ပုတ်ခတ်မှုများကို ခံခဲ့ရခြင်းဖြစ်ပါတယ်။ “ကျွန်တော့်ကို Innocence ကနေတစ်ဆင့် ပိုသိပြီးပိုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်” လို့ပြောကြားထားပါသေးတယ်။ Innocence ပရိတ်သတ်များက သူ့ကိုအဆိုးမြင်နေတာနဲ့ပတ်သတ်ပြီး “ကောင်းတာလဲရှိသလို ဆိုးတာလဲရှိမှာပဲ။ မှန်တာမှားတာလဲရှိမှာပဲလေ။ သူတို့လဲ သူတို့အမြင်နဲ့ ကြိုက်သလိုပြောပိုင်ခွင့်ရှိတယ်။ ကျွန်တော်လဲကျွန်တော့်အမြင်နဲ့ ကျွန်တော်မှားသည်မှန်သည်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်” လို့ပြောကြားထားပါတယ်။

Innocence:the series ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ယောင်္ကျားချင်း ချစ်မြတ်နိုးတဲ့ ဇာတ်ကား series ပဲဖြစ်ပါတယ်။ ဒီကားဟာပုံမှန်ကားတွေနဲ့မတူတာကြောင့် အခက်အခဲများစွာလဲရှိနေတယ်လို့ဆိုထားပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် တွေကတော့ မြူခိုးနဲ့ တုနှိုင်းခ ဖြစ်ပါတယ်။ တုနှိုင်းခ နေရာမှာ ပါဝင်သရုပ်ဆောင်မယ့်သူကတော့ တက်သစ်စ မော်ဒယ် Jay Baas ပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မြူခိုးနေရာမှာ ပါဝင်သရုပ်ဆောင်မယ့်သူကို ထပ်မံ ရွေးချယ်ပြီးသား ဖြစ်ပေမယ့် မည်သူဆိုတာတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။ ဒီဇာတ်လမ်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရှိလူအများစုရဲ့ LGBT ပေါ် ထားရှိတဲ့ အမြင်တိမ်းစောင်းမှုတွေကို တည့်မတ်စေရန်ပဲဖြစ်တယ်လို့ ဇာတ်လမ်းရေးသားသူ စာရေးဆရာမ ညမွှေးပန်းက ဆိုထားပါတယ်။



Follow us on