1. Home
  2. Movie Stars - Celebrity

ဇဏ်ခီတို့ဇနီးမောင်နှံကို ချီးကျူးထောပနာပြုလိုက်တဲ့ သန္တာလှိုင်

Movie Stars - Celebrity ต.ค. 30, 2561 view 1,645

ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ် သန္တာလှိုင်ဟာ သရုပ်ဆောင် ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ်စတီးနားခီတို့ ကိုချီးမွမ်းထောပနာပြုလိုက်ပါတယ်။

သူမအနေနဲ့ ပထမအိမ်ထောင်နဲ့တုန်းက စီးပွားရေးကြပ်တည်းခဲ့တဲ့အတွက် အဆင်မပြေဖြစ်ပြီး ကွေကွင်းခဲ့ရခြင်းဖြစ်ပါတယ်။ ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော ဆန်အိုးထဲမှာဆန်မရှိရင်အချစ်ဆိုတဲ့အရာဟာ အလိုလိုနေရင်းပျောက်ကွယ်သွားမည် မဟုတ်ပါလား။ သရုပ်ဆောင် ဇာဏ်ခီတို့ လင်မယားကတော့ အဲ့လိုမဟုတ်ခဲ့ပါဘူး။ ဘယ်လိုပင် အခက်အခဲတွေရှိရှိ တစ်ယောက်နဲ့တစ်ယောက် အကြင်အနာမပြတ် ဖေးဖေးမမ ရှိကြတာကိုတွေ့ရတဲ့အတွက် သန္တာလှိုင်က အားကျမိတယ်လို့ သူမရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

လင်နဲ့မယားဆိုတာ မိသားစုမဟုတ်တဲ့ သူစိမ်းနှစ်ယောက်ပေါင်းဖက်ရတာဖြစ်တဲ့အတွက် လင်နဲ့မယား ကြားမှာထားရှိသင့်တဲ့အဓိက အချက်ကတော့နားလည်မှုပဲဖြစ်ပါတယ်လို့ သူမကရေးသားထားပါတယ်။ နောက်ထပ်ရိုက်မယ့် ဇာတ်ကားအတွက် သူမဖွင့်လှစ်ထားတဲ့ T’s Workshop မှာ လာရောက် ကစားတဲ့အတွက်ကျေးဇူးအထူးတင်ရှိကြောင်းကို လည်းရေးသားထားပါတယ်။



Follow us on