1. Home
  2. Movie Stars - Celebrity

Exo သီချင်းနဲ့ လာရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်ကို Kris Wu တုန့်ပြန်လိုက်ပုံ

Movie Stars - Celebrity ต.ค. 30, 2561 view 1,894

တရုတ်ပြည် ရဲ့ ထိပ်သီးအနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Kris Wu ဟာ ယခင်က တောင်ကိုးရီးယား အဆိုတော်အဖွဲ့ EXO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ဖူး ပါတယ်။ သူဟာ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ SM Entertainment နဲ့ မတန်တဆ မနားမနေ အလုပ်လုပ်ခိုင်းမှုများကြောင့် ကတောက်ကဆ အမှုအခင်းများဖြစ်ပွားခဲ့ကာ ၂၀၁၄ ခုနှစ် မေလပိုင်းမှာ အဖွဲ့မှ နှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။
အဖွဲ့မှထွက်ခွာပြီးနောက်ပိုင်း Kris Wu ဟာ တရုတ်နိုင်ငံမှာပဲ သူ့ရဲ့ အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ ရက်ပ်ပါ တစ်ယောက်အနေနဲ့ ဆက်လက်ရပ်တည်ခဲ့ပြီး သရုပ်ဆောင်အလုပ်ကိုလဲ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ Rap Of China တရုတ်ပြည်ရဲ့ ဟစ်ပ်ဟော့ပ်ပြိုင်ပွဲ မှာ ဒိုင်လူကြီးအနေနဲ့ ပါဝင်ခဲ့ဖူးပြီး ယခုလက်ရှိမှာတော့ အဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ The Next Top Band မှာ F(x) အဖွဲ့ခေါင်းဆောင် Victoria နဲ့အတူ ဒိုင်လူကြီးအဖြစ်ပါဝင်လျက်ရှိပါတယ်။

အဆိုပါ The Next Top Band ပြိုင်ပွဲမှာ မိန်းကလေး ပြိုင်ပွဲဝင်တစ်ဦးက Exo အဖွဲ့ရဲ့ Overdose သီချင်းနဲ့ ဝင်ပြိုင်ခဲ့တာကြောင့် ဒိုင်လူကြီးဖြစ်တဲ့ Kris Wu တောင် မျက်ခုံး ပင့်ကြည့်မိတဲ့အထိပါပဲ။ Overdose သီချင်းဟာ Kris တစ်ယောက် Exo မှမထွက်ခင် ပါဝင်သီဆိုခဲ့တဲ့ နောက်ဆုံးသီချင်းဖြစ်ပါတယ်။ ထိုသီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရဲတဲ့ မိန်းကလေးရဲ့ သတ္တိကိုပရိတ်သတ်များက အံ့အားသင့်လျက်ရှိနေကြပါတယ်။
Kris Wu ကလဲ အံ့အားသင့်နေခဲ့ပြီး အဆုံးမှာတော့ ပြိုင်ပွဲဝင်မိန်းကလေးက အထာကျကျ ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုကပြသွားတဲ့အတွက် သူ့မျက်နှာမှာ ဝမ်းသာပီတိဖြစ်တဲ့ ပုံရိပ်ယောင်များသမ်းလာပါတယ်။ “ဆိုသွားတာ အရမ်းကောင်းတယ် ကတာလဲမဆိုးဘူး” ဆိုပြီး ချီးမွမ်းထောပနာပြုခဲ့ပါတယ်။ F(x) ခေါင်းဆောင် Victoria ကလဲ အရမ်းကောင်းတယ်ဆိုပြီး ချီးမွမ်း ခဲ့ပါတယ်။



Follow us on