1. Home
  2. Movie Stars - Celebrity

လီဂျောင်ဆော့နဲ့တူတဲ့ ချစ်သူရထားတယ်ဆိုတဲ့ Cheetah

Movie Stars - Celebrity ต.ค. 31, 2561 view 1,709

အမျိုးသမီး ရက်ပ်ပါတစ်ယောက်ဖြစ်တဲ့ Cheetah(ချီတ) ဟာဆိုရင် သူမရဲ့ သူမတူတဲ့ ရက်ပ်စကေးများကြောင့် အမျိုးသားရက်ပ်ပါများနဲ့တောင် ရင်ဘောင်တန်းနိုင်တဲ့သူမပါပဲ။ သူမရဲ့ မိန်းမ မဆန်တဲ့ အပြင်အဆင်နဲ့ ဆံပင်ပုံစံတို့ကြောင့် သူမဟာလူတွေရဲ့ ဂရုတစိုက်စောင့်ကြည့်ခြင်းကို ခံခဲ့ရတယ် ဆိုလဲမမှားပါဘူး။

ယောင်္ကျားဆန်ဆန် နေတတ်တဲ့သူမဟာ ရည်းစားရသွားပြီဆိုတဲ့ အကြောင်းကို ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာထုတ်လွှင့်တဲ့ MBC ရဲ့ Video Star အစီအစဉ်မှာထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူမအဲ့လိုထုတ်ဖော်ပြောကြားလိုက် တော့ တီဗွီအစီအစဉ်မှာပါဝင်တဲ့ MC တွေတောင်အံ့သြသွားခဲ့ပါတယ်။

ပြီးတော့သူမက သူမချစ်သူနဲ့ စတင်တွေ့ရှိခဲ့တဲ့ အချစ်ဇာတ်လမ်းလေးကိုလဲပြောပြထားပါသေးတယ်။ 

“ကျွန်မ နေ့တိုင်းလိုလိုသွားဖြစ်တဲ့စားသောက်ဆိုင် တစ်ဆိုင်ရှိတယ်။ အမြဲတမ်းလို လိုသွားဖြစ်နေတော့ တစ်နေ့တော့ ဆိုင်ရှင်သူဌေးကကျွန်မကိုခေါ်တွေ့တော့ အဲ့ဆိုင်ကိုသွားခဲ့တယ်။ အဲ့ဒီအချိန်မှာသူကိုစတွေ့တာပဲ။ ဖြစ်ချင်တော့သူ့ဘေးက ထိုင်ခုံကလွတ်နေတာလေ။ ကျွန်မက ပွင့်ပွင့်လင်းလင်း နေတဲ့ ပုံစံဆိုတော့ သူ့ထိုင်တဲ့ ဝိုင်းမှာ ထိုင်ဖို့ ကျွန်မကပဲအရင်ကမ်းလှမ်းခဲ့တာပါ။ သူကလေ အရပ်ကလဲအရှည်ကြီးပဲ အသားကလဲဖြူဆွတ်နေတော့ လီဂျောင်ဆော့နဲ့တောင် တော်တော်တူတယ် ” လို့ ရယ်မောပြီးပြောဆိုနေခဲ့ပါတယ်။



Follow us on