1. Home
  2. Myanmar News

အမျိုးသမီးဘော်ဒါဆောင်မှ အတွင်းပစ္စည်းများ ခိုးယူသူ ဖမ်းဆီးရမိ

Myanmar News พ.ย. 01, 2561 view 3,916

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တက္ကသိုလ်ရပ်ကွက် အတွင်းရှိ အမျိုးသမီးဘော်ဒါဆောင်တွင် အမျိုးသမီး အတွင်းခံများကို ခိုးယူသူအား ရပ်ကွပ်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၃၀ ရက် (အင်္ဂါနေ့) ညသန်းခေါင် ၂ နာရီ အချိန်ခန့်တွင် အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာကာ ဘော်ဒါဆောင်အတွင်း လှန်းထားသော အဝတ်အထည်များအား ခိုးယူနေကြောင်း တွေ့ရှိရသဖြင့် အကူညီတောင်းခံခဲ့ရာ ရပ်ကွက်နေပြည်သူများနဲ့ ရာအိမ်မှူးတို့ ပူးပေါင်းဖမ်းဆီးခဲ့ကြသည်။

သူခိုး၏ ခန္ဓာကိုယ်တွင် လက်နက်သယ်ဆောင်လာခြင်း ရှိ၊ မရှိစစ်ဆေးခဲ့ရာ သူခိုးက ဘော်ဒါဆောင်မှ ခိုးယူထားသော အမျိုးသမီးအတွင်းခံဘောင်းဘီ (၃၂)ထည်ကို သူကိုယ်တိုင် ဝတ်ဆင်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အမျိုးသမီးအတွင်းပစ္စည်းများ ခိုးယူသူအား ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရန် မြိတ်မြို့ အမှတ်(၁)နယ်မြေ ရဲကင်းစခန်းမှ တာဝန်ရှိသူများ အပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းရင်းမြစ် − မင်္ဂလာပါမြိတ်



Follow us on