1. Home
  2. Movie Stars - Celebrity

LV အမှတ်တံဆိပ် ရဲ့ ကိုယ်စားလှယ်တစ်ဦးအဖြစ်ခန့်အပ်ခြင်းခံရတဲ့ Kris Wu

Movie Stars - Celebrity พ.ย. 01, 2561 view 2,913

ရက်ပ်ပါ တစ်ယောက်အနေနဲ့ရော သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ရပ်တည်နေပြီး နှုတ်ခမ်းနီမလေးတွေသဲသဲလှုပ်ရတဲ့ Kris Wu ဟာ နာမည်ကျော် ပြင်သစ် Brand တစ်ခုဖြစ်တဲ့ LV(LOUIS VUITTON) ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ဆိုင်ရာ ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာပါပြီ။

ပြီးခဲ့တဲ့ အောက်တိုဘာလ 31 ရက်နေ့မှာ LV ရဲ့ ဒါရိုက်တာဖြစ်တဲ့ Virgil Abloh က Kris Wu ကို LV က Brand Ambassador အနေနဲ့ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဓါတ်ပုံနှင့်တကွကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

အလားတူပင် ၂၀၁၆ ခုနှစ် မှာတုန်းကလဲ Kris Wu ဟာ နာမည်ကျော်ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Mercedes-Benz ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခြင်းကိုခံခဲ့ရပါတယ်။ ထိုကားကုမ္ပဏီမှ Kris Wu Edition ဆိုပြီး ကားများ ကို အကန့်အသတ်နဲ့ ထုတ်လုပ်ခြင်းများတောင်ပြုလုပ်ခဲ့ပါသေးတယ်။

ဒါတင်မက Kris Wu ဟာ အီတလီနိုင်ငံ ရောမမြို့မှာ အခြေစိုက်တဲ့ BVLGARI ရဲ့ Brand Ambassador တစ်ယောက်လဲဖြစ်ပါတယ်။ BVLGARI ကတော့ လက်ဝတ်ရတနာပစ္စည်းများ၊ နာရီများ၊ ရေမွှေး၊ fancy accessories နဲ့ လယ်သာသားရေ နဲ့ပြုလုပ်သော အိတ်များ၊ဖိနပ်များ အစရှိတဲ့ ဖက်ရှင် ကုန်ပစ္စည်းများ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

ဗြိတိသျှဖက်ရှင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Burberry ကလဲ Kris Wu ကို Brand Ambassador အဖြစ်ခန့်အပ်ခဲ့ပါတယ်။ ပုံမှန်ဆို Burberry ကုမ္ပဏီဟာ အင်္ဂလန် လူမျိုးမဟုတ်တဲ့သူကို Brand Ambassador အဖြစ်ခန့်အပ်ခြင်းမျိုးမရှိခဲ့ပါဘူး။ Kris Wu တစ်ဦးတည်းသာလျှင် Buberry ရဲ့ တစ်ဦးတည်းသော အာရှသား Brand Ambassdor ဖြစ်ပါတယ်။

Kris Wu ဟာ သူ့ရဲ့ သူမတူ ထူးခြားဆန်းပြားတဲ့ဖက်ရှင်ဒီဇိုင်းများကြောင့် ဖက်ရှင်ကုမ္ပဏီတော်တော်များများရဲ့ ကိုယ်စားလှယ်လုပ်ဖို့ အများဆုံး ကမ်းလှမ်းခံရသူ တစ်ယောက်ဆိုရင်လဲမမှားပါဘူး။



Follow us on