ဟောင်ကောင်နေ့စဉ်သတင်းစာ Oriental Daily News (ODN) မှ သရုပ်ဆောင်မင်းသမီး ဖန်ဘင်းဘင်းဟာ နောက်နှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ချစ်သူ နဲ့လက်ထပ်တော့မှာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
သူမရဲ့ချစ်သူကတော့သရုပ်ဆောင်မင်းသား လိချန်ပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်သူ လိချန်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ စက်တင်ဘာလမှာကျရောက်မှာကျရောက်ခဲ့တဲ့ သူမမွေးနေ့မှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်တော့ သူမတို့နှစ်ယောက်ဟာ ဒီနှစ်အတွင်းမှာ ဗြိတိန်နိုင်ငံက ရဲတိုက်တစ်ခုမှာခမ်းနားစွာ လက်ထပ်ဖို့ရည်ရွယ်ခဲ့ကြတာပါ။ သို့ပေမဲ့ သူမအပေါ်ကျရောက်လာတဲ့ အခြေအနေအရပ်ရပ်ကြောင့် လက်ထပ်ဖို့နှောင့်နှေးခဲ့ရပါတယ်။
သူမဟာတရုတ်နိုင်ငံအစိုးရကို အခွန်ရှောင်မှုနဲ့ တရားစွဲဆိုခံရပြီး ၂၀၁၈ မေလပိုင်းကစလို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။ သူမတစ်ယောက် လူထုရှေ့ကို ပြန်ရောက်လာတာသိပ်မကြာသေးခင်မှာပဲ ဒုသမ္မတ ဝမ်ရှီးချန်နဲ့ အတူအိပ်ထားတဲ့ ဗွီဒီယိုဖိုင် ထွက်ရှိတယ်ဆိုပြီးသတင်းများထွက်လာခဲ့ပါတယ်။
သူမအပေါ်တရားစွဲထားတဲ့ အမှုကိုလဲ တရုတ်ယွမ် သန်းပေါင်း ၈၀၀ ကိုပေးလျော်ရန် တရားရုံးမှချမှတ်ခဲ့ပြီးအမှုကို ပြီးဆုံးစေခဲ့ပါတယ်။
ကိစ္စအားလုံးပြီးသွားတဲ့အခါမှာတော့ သူမရဲ့ ဆိုရှယ်မီဒီယာစာမျက်နှာတစ်ခုဖြစ်တဲ့ Weibo အကောင့်မှာ တောင်းပန်စာအနေနဲ့ ပို့စ်ရေးပြီးတင်ခဲ့ပါတယ်။
သူမ Weibo မှာတင်ပြီး နှစ်ရက်တိုင်တိုင်ပြည့်သွားတဲ့ ရက်မှာသူမရဲ့ချစ်သူ လိချန် ကလဲ သူ့ရဲ့ Weibo စာမျက်နှာမှာ “ဘယ်လို အခက်အခဲတွေပဲဖြစ်ပါစေ၊ ငါတို့အတူရင်ဆိုင်ဖြေရှင်းသွားကြမယ်” လို့ရေးသားပြီး ပို့စ်တင်ခဲ့ပါတယ်။
သူမဟာ ဒုသမ္မတနဲ့အိပ်ထားတဲ့ ဗွီဒီယိုဖိုင်ထွက်ထားတာတောင်မှ ဒီလိုအချစ်မပြတ် ပဲချစ်ပေးတဲ့ လိချန်ရဲ့အချစ်ကိုပရိတ်သတ်များက ချီးကျူးလို့မဆုံးဖြစ်နေကြပါတယ်။
သူမအနေနဲ့ ရှုပ်ထွေးလှတဲ့အနုပညာလောကနဲ့သာမက နိုင်ငံရေးလောကနဲ့ပါ ဆက်နွယ်သလိုတွေဖြစ်သွားတဲ့အတွက် ချစ်သူနဲ့လက်ထပ်ပြီးရင် အနုပညာအလုပ် တွေကိုရပ်နားတော့လေမလားလို့ ထင်ကြေးတွေပေးနေကြပါတယ်။ ဒီသတင်းသာ မှန်ခဲ့ရင် သူမကိုချစ်တဲ့ ပရိတ်သတ်ကြီးအတွက်ကတော့ ဝမ်းနည်းစရာကိစ္စတစ်ရပ်ပါပဲ။
အစကတော့ ဒီလောက်ကိစ္စတွေဖြစ်ပျက်သွားခဲ့တာ အချိန်တန်ရင်ပြတ်မှာပဲ လို့ထင်ခဲ့ကြပေမဲ့ ဖန်ဘင်းဘင်းအပေါ်ထားရှိတဲ့ လိချန်ရဲ့အချစ်တွေကတော့ ပြောင်း လဲမသွားခဲ့ပါဘူး။