
ပူးတွဲလုပ်ငန်းဆောင်ရွက်ရေး အဖွဲ့တစ်ဖွဲ့က အဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာ (Dhaka)မှာ အင်္ဂါနေ့က အဲဒီလို သဘောတူညီချက် ရရှိခဲ့တာ ဖြစ်ပါတယ်။
ပထမတစ်သုတ်ကို နိုဝင်ဘာလလယ် မတိုင်ခင် နေရပ်ပြန်ပို့ဆောင်ရေး စတင်လုပ်ဆောင်ဖို့ အဖွဲ့ဝင်တွေက မျှော်လင့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ရှော်ဟီဒူးလ် ဟတ်ခ် (Shahidul Haque) က ဆိုပါတယ်။

အဲဒီ ပူးတွဲ အဖွဲ့ဝင်တွေဟာ နေရပ်ပြန်ပို့ရေး အစပြုဖို့ ပြီးပြည့်စုံတဲ့အဖြေ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဆိုပါတယ်။
ဒါပေမဲ့ နေရပ်ပြန်ပို့မယ့် ပထမအသုတ်မှာ လူဦးရေ ဘယ်လောက်ပါဝင်တယ်ဆိုတာနဲ့ နေရပ်ပြန်ပို့ရေးလုပ်ငန်း ဘယ်တော့ ပြီးစီးမယ် ဆိုတာကိုတော့ အရာရှိတွေက ပြောကြားခြင်း မရှိခဲ့ပါဘူး။
Ref nhk
comment