1. Home
  2. Movie Stars - Celebrity

ဝိတ်ချဖို့ အချိန်မပေးနိုင်ဘူးလို့ပြောလာတဲ့ မိုးယုစံ

Movie Stars - Celebrity พ.ย. 01, 2561 view 1,687

ချစ်စဖွယ်သားဦးရတနာလေးကို မွေးဖွားပြီး အရင်ကထက်ပိုဝလာတဲ့ မိုးယုစံ ကတော့ ဝိတ်ချဖို့အချိန်မရှိပါဘူးတဲ့။ သားလေးကို ကိုယ်ဝန်စဆောင်တဲ့ အချိန်ကစပြီး အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ တစ်ခုခုဆို ကလေးနဲ့ ယောင်္ကျားအတွက်ပဲ ဦးစားပေး စဉ်းစားနေမိတယ်လို့ သူမကဆိုလာပါတယ်။ ယခုသူမရုတ်တရက်ပိန်သွားတဲ့ အတွက် သူမဘာလုပ်လို့ ပိန်သွားတယ်ဆိုတဲ့အကြောင်းကို သူမပရိတ်သတ်များက စိတ်ဝင်တစားရှိနေကြပါတယ်။

“မိုးယုကို ပိန်သွားတယ်လို့ပြောကြပါတယ်၊ အမှန်တကယ်တော့ မိုးယုဘာမှမလုပ်ပါဘူး။ အမျိုးသားက သူနဲ့အတူ Gym ဆော့ဖို့ခေါ်တယ် အခုထိတော့မဆော့ဖြစ်သေးပါဘူး။ ကလေးနဲ့ပဲအချိန်ကုန်နေတယ်။ အပြင်သွားရင်လဲ ကလေးအဆင်ပြေပါ့မလားဆိုပြီး နောက်ဆံတင်းနေရတယ်။ အဲ့လိုဆိုတော့ အပြင်မထွက်ဖြစ်တော့ဘူး။Gym တွေ ဘာတွေလဲဆော့ပြီးမထိန်းသိမ်းဖြစ်ဘူး။ အစတည်းက မိုးယုက ဝတဲ့လူမဟုတ်တော့ ကိုယ်ဝန်ကြောင့် ဝတာဆိုတော့ သားသားမွေးပြီး သူ့အလိုလိုပြန်ကျသွားတယ်။” လို့ မိုးယုစံက ပရိတ်သတ်များသိချင်တဲ့ မေးခွန်းရဲ့ အဖြေကိုဖြေကြားပေးသွားပါတယ်။

ယခုလက်ရှိမှာ အိမ်ထောင်ရှင်မကောင်းတစ်ယောက်အနေနဲ့ အိမ်ထောင့်တာ ဝန်များကို ကျေပွန်စွာထမ်းဆောင်နေတဲ့ မိုးယုစံဟာဆိုရင်ဖြင့် အနုပညာအလုပ်များနဲ့ အလှမ်းဝေး နေသယောင်ရှိပါတယ်။ ဒါပေမဲ့ ပရိတ်သတ်ကြီးက သူ့ကိုမမေ့မလျော့ ဆက်လက်အားပေးစောင့်ကြည့်နေကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားထားပါတယ်။



Follow us on