1. Home
  2. Special or Others

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး မွေကင်းစကလေးနဲ့အတူ အချုပ်ခံနေရ

Special or Others พ.ย. 02, 2561 view 1,826

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးတစ်ဦး ကလေးမီးဖွားခဲ့ပြီး ၅ ရက်အကြာတွင် အလိမ်ခံခဲ့ရပြီး သက်သေခံစာရွက် အထောက်အထားခိုင်လုံစွာ မပြနိုင်မှုဖြင့် ကလေးနဲ့အတူ ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

သူမဟာ ဆေးရုံမှာကတည်းက အလိမ်ခံခဲ့ရဟန်တူပြီး ကလေးမီးဖွားခဲ့ပြီးနောက် လူတစ်ယောက်က သူမ၏ ကလေးကို မွေးစာရင်းသွားလုပ်ပေးမည်ဟု ဆိုကာ မြို့နယ်ရုံးသို့ ခေါ်သွာခဲ့သည်။ မြို့နယ်ရုံးသို့ရောက်သည့်အခါ တာဝန်ရှိသူများက သူမ၏ သက်သေအထောက်အထား စာရွက်စာတမ်းများကိုတောင်းရာ သူမရဲ့ စာရွက်စာတမ်းများနဲ့ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) အခိုးခံလိုက်ရကြောင်း သိသွားခဲ့သည်။

ထိုကြောင့် ပြစရာသက်သေစာရွက်စာတမ်းများ မရှိတော့သဖြင့် မြို့နယ်ရုံးမှ ချင်းမိုင် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့် ရဲများရောက်လာကာ ဖမ်းဆီးသွားခဲ့သည်။

သူမက သက်သေခံစာရွက်စာတမ်းများနဲ့ ပတ်စ်ပို့ အခိုးခံရကြောင်း ရှင်းပြသော်လည်း မည်သူမျှ လက်မခံသဖြင့် ဝိုင်းဝန်းအနိုင်ကျင့်သည့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရကာ ရဲစခန်းတွင် မွေးကင်းစ ကလေးငယ်နဲ့အတူ ချုပ်ခံထားရကြောင်း သိရှိရသည်။

လက်ရှိအခြေအနေတွင် သူမ၏ ကလေးအတွက် အနှီး၊ နို့မှုန့်နဲ့ နို့တိုက်ပစ္စည်းများ၊ ကလေးအစားအစာများနဲ့ မြန်မာနိုင်ငံသို့ ပြန်နိုင်ရန် အကူအညီများ လိုအပ်လျှက်ရှိကြောင်း၊ ချင်းမိုင် ချန်ဝပ်ချန်ချွန်မြို့ အနီးတွင် နေထိုင်ကြသော သူများအနေနဲ့ နီးစပ်ပါက သွားရောက်တွေ့ဆုံ အကူအညီပေးကြရန် ထိုင်းဘာသာဖြင့် လူမှုကွန်ယက်ပေါ်တွင် ဖော်ပြထားကြောင်း သိရှိရသည်။



Follow us on