Miss Universe Myanmar 2016 ထက်ထက်ထွန်းဟာ အင်မတန်မှ သရဲကြောက်တတ်သူတစ်ဦးပါတဲ့။ သို့ပေမဲ့ သူမဟာ သရဲတော့ကြောက်တတ်ပေမဲ့ လူတော့ လုံးဝမကြောက်တတ်ပါဘူးတဲ့။ ပြီးခဲ့တဲ့ သရဲကြီးည အချိန်သမယနဲ့ ဆက်စပ်ပြီး သူမက သူမသရဲကြောက်တတ်တဲ့ အကြောင်းကို အင်တာဗျူးတစ်ခုမှာ အောက်ပါအတိုင်းဖြေကြားထားခဲ့ပါတယ်။
“သရဲကိုတော့ အရမ်းကြောက်တယ်။ လူကိုတော့မကြောက်တတ်ဘူး။ သရဲကြောက်တတ်လို့လားမသိဘူး။ လုံးဝအခြောက်မခံဖူးဘူး။ သရဲကားကြည့်ပြီး ကိုယ့်အတွေးထဲမှာနယ်ချဲ့ပြီးကြောက်တာ။ ရေချိုးရင် တံခါးမပိတ်တော့ဘူး။ အိမ်သာတက်ရင် တံခါးမပိတ်တော့ဘူး။ ခုတင်အောက် ခြေထောက်ချဖို့ကိုကြောက်နေတာပါ။” ဆိုပြီးဖြေကြားထားပါတယ်။
သရဲ အရမ်းကြောက်တတ်တဲ့သူမက သရဲကားရိုက်ရမှာတော့ မကြောက်ပါဘူးတဲ့။ သရဲတော့ အရမ်းကြောက်တတ်ပေမဲ့ သရဲကားကြည့်ရတာလဲ အရမ်းကြိုက်ပါတယ်တဲ့။ “သရဲကြောက်တဲ့ထဲပါပေမယ့် သရဲကားဆို ကြောက်ကြောက်နဲ့ တစ်ယောက်တည်းအမြဲကြည့်တယ်။ တစ်ယောက်တည်း သွားနေကျမဟုတ်တဲ့နေရာတွေကို သွားရတာလဲကြောက်တယ်” လို့ပြောထားပါတယ်။
“ရုပ်ရှင်ရိုက်ရင်တော့ သရဲကားရိုက်ရဲတာပေါ့။ ရုပ်ရှင်အတွက်ကတော့ ဘယ် ကာရိုက်တာမဆို welcome ပဲ။ သူများတွေပြောပြောနေသလိုတော့ ရိုက်နေရင်း နဲ့ ပူးသွားမှာစိုးရိမ်တယ်” လို့ပြောကြားထားပါတယ်။
မော်ဒယ်ထက်ထက်ထွန်းဟာ မော်ဒယ် ယွန်းဝင့်လွှာအောင်နဲ့ မိန်းကလေးချင်း ကြိုက်နှစ်သက်နေသယောင် ပရိတ်သတ်များကထင်ကြေးပေးနေကြပါတယ်။ လတ်တလောမှာလဲ သူမတို့နှစ်ယောက်က အတွဲများတာကြောင့် အထင်လွှဲစရာ ကိစ္စတွေသို့လောသို့လောဖြစ်နေပါတယ်။