1. Home
  2. Movie Stars - Celebrity

ချစ်သက်သေထူလိုက်ပြီဖြစ်ကြောင်း ဖိတ်စာလေးနဲ့ သက်သေပြလိုက်တဲ့ ရွှေစုံတွဲ

Movie Stars - Celebrity พ.ย. 02, 2561 view 1,555

ပရိသတ်တွေကြား ရေပန်းအစားဆုံးအနုပညာရှင်စုံတွဲဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ စုံတွဲလေးရဲ့ အချစ်ရေးကတော့ အားပေးဝန်းရံကြသူတွေရှိသလို ဝေဖန်ကဲ့ရဲ့သူတွေလဲရှိကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ တစ်ယောက်နဲ့တစ်ယောက် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်စရာနေ့ရက်တွေကို ရှေ့ဆက်ဖြတ်သန်းနေကြတဲ့ သူတို့နှစ်ယောက်ကတော့ ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်သွားအောင် လုပ်လိုက်ပြန်ပါပြီ။

ရွှေရွှေချင်းထပ်ရင် မြတ်တယ်”ဆိုတဲ့ စကားပုံလေးအတိုင်း ရွှေစုံတွဲလေးကတော့ သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေကို သက်သေထူလိုက်ပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေကြား သူတို့နှစ်ဦးသားစေ့စပ်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက်မှာတော့ ရွှေထူးနဲ့ရွှေမှုန်ရတီ နှစ်ယောက်စလုံးက မင်္ဂလာဆောင်ဖိတ်စာလေးနဲ့အတူ အတည်ပြုပြောကြားလိုက်တာပဲဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံညစာစားပွဲလေးကိုတော့ နိုဝင်ဘာလ (၁၁) ရက်တွင် ရန်ကုန် အင်းယားလိဂ်ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့လဲ သိရပါတယ်။ ချစ်ရတဲ့ပရိသတ်တွေကတော့ ၀မ်းသာပီတိဖြစ်လို့နေကြကာ ဂုဏ်ပြုစကားတွေကိုလဲ မြိုင်မြိုင်ဆိုင်ဆိုင်ပြောဆိုထားကြပါသေးတယ်။

ကဲ.. ပရိသတ်ကြီးလဲ ယုံနိုင်မဆုံးဖြစ်နေကြပေမယ့် ရွှေစုံတွဲလေးကတော့ မကြာခင်အချိန်မှာပဲ ရွှေလက်တွဲကြတော့မှာဖြစ်လို့ ရွှေထူးနဲ့ရွှေမှုန်ရတီတို့အတွက်တို့အတွက် မင်္ဂလာဂုဏ်ပြုစကားလေးတွေ ဆိုသွားကြပါဦးနော်...



Follow us on