1. Home
  2. Myanmar News

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်တွင် မနေ့က နံနက်ပိုင်းက ဓါးပြခြိမ်းခြောက်ပြီး ငွေလုယက်မှု တစ်ခု ဖြစ်ပွားခဲ့

Myanmar News พ.ย. 02, 2561 view 1,480

နိုဝင်ဘာ ၁ မနေ့က နံနက် ၁၁ နာရီ ၅၀မိနစ် ခန့်က ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်ရှိ Dr’s Choice Online Store ဆိုင်ထဲဝင်ပြီး ဓါးပြ ခြိမ်းခြောက်ကာ ငွေလုယက်မှု တစ်ခုဖြစ်ခဲ့ပါတယ် ။လုယက်ခံလိုက်ရသူတို့က ရဲထံ အမှုဖွင့်တိုင်တန်းထားကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပါတ်သတ်၍‘’ဆိုင်က အိမ်နံပတ် ၂၀၅(ခ) ပါရမီလမ်းမ (၂)၀ိုင်း ဘုန်းကြီးကျောင်းနဲ့ မျက်နှာချင်းဆိုင် သံသုမာလမ်း နဲ့ သုမင်္ဂလာကြား တောင်ဥက္ကလာမြို့နယ်မှာ ဖွင့်ထားတာပါ။ ပါရမီလမ်းမပေါ်မှာ ကား လုံးဝ မပြတ်ပါဘူး။ CCTV တပ်ထားပါတယ်။ ခု ဖြစ်တာက နေ့ခင်းကြောင်းတောင်ကြီးပါ။ ဆိုင်က Aircon ခန်းဖြစ်လို့ မှန်လုံနေတာရယ်။ ဆိုင်က ဝန်ထမ်း မိန်းကလေး ၃ ယောက်ပဲ ရှိတယ်။ သူ့ ဓားအရှည်ကို ကြောက်တာရော ရုတ်တရက် ဘာလုပ်ရမှန်း မသိဖြစ်ပြီး သူတောင်းတဲ့ ငွေတွေ ပေးလိုက်ရတယ်။ မနက် ပိုင်းဆိုတော့ ငွေက ၅သောင်းလောက်ပဲ ပါသွားတယ်။ ဆွဲကြိုး ချွတ်ခိုင်း ပိုက်ဆံ ထပ်တောင်းတာတွေ လဲ လုပ်တယ်။ဘယ်သူမှ ဆွဲကြိုးလက်ကောက်မဝတ်ထားလို့ မပါ သွားဘူး။ပါရမီ လမ်းမကြီးပေါ် နေ့ခင်းကြောက်တောင်ကြီး ဓားနဲ့ ထောက်ရလောက်အောင် ဖြစ်ခဲ့ တဲ့အတွက် အတော်လေး ကြောက်မိပါတယ်’’ဟု အခင်းဖြစ်ရပ်ကို ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးကပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ဥက္ကလာပ မြို့မ ရဲစခန်း သို့ သွားရောက်တိုင်တန်း ပြီးပြီဟုလည်း Dr’s Choice Online Store မှ တာဝန်ရှိသူက ပြောသည်။



Follow us on