1. Home
  2. Special or Others

ခရီးသည်နဲ့ ရန်ဖြစ်ပြီးနောက် ယာဉ်မောင်းက ဘတ်စ်ကားကို တံတားပေါ်မှ မြစ်ထဲထိုးချ

Special or Others พ.ย. 02, 2561 view 1,978

အောက်တိုဘာလ ၂၈ ရက်နေ့က ခရီးသည်တင် ဘတ်စ်ကားပေါ်မှာ ခရီးသည် တစ်ဦးနဲ့ ယာဉ်မောင်းတို့ ရန်ဖြစ်ခဲ့ကြပြီးနောက် ဘတ်စ်ကားမှာ မြစ်ကူးတံတားကြီးပေါ်မှ အရှိန်နဲ့ မြစ်ထဲသို့ ထိုးကျခဲ့ပြီး လူ ၁၃ ဦး သေဆုံးပြီး လူ ၂ ဦး ပျောက်ဆုံးလျှက်ရှိကြောင်း ချောင်ကွင်း ရဲအဖွဲ့က သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။


ဖြစ်စဉ်မှာ ရန်ဇီမြစ်ကူးတံတားပေါ်တွင် မောင်းနှင်လာစဉ် ဘတ်စ်ကားပေါ်ပါ ခရီးသည်အမျိုးသမီးတစ်ဦးက မှတ်တိုင်ကျော်သွားသဖြင့် ကားရပ်ပေးရန် ပြောရာ ယာဉ်မောင်းက ငြင်းဆန်ခဲ့သဖြင့် စကားများကြရာမှ အမျိုးသမီးက ယာဉ်မောင်း၏ ဦးခေါင်းကို သူမရဲ့ လက်ကိုင်ဖုန်းနဲ့ ရိုက်သဖြင့် ယာဉ်မောင်းက လက်ပြန် ပြန်ရိုက်ရာ ကားမှာ လမ်းကြောင်းလွဲချော်ပြီး တံတားပေါ်မှ မြစ်ထဲသို့ ပြုတ်ကြခဲ့ကြောင်း ဖော်ပြထားသည်။


သို့သော် ဘတ်စ်ကားတွင် တပ်ဆင်ထားသော စီစီတီဗီရုပ်သံနှင့် မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ကား၏ကင်မရာ ရုပ်သံများကို ပြန်ကြည့်ပြီး တိုင်ဆိုင်စစ်ဆေးပါက ဘတ်စ်ကားမှာ တံတားပေါ်တွင် စက်မသတ်ပဲ ခတ္တရပ်ထားခဲ့ပြီး ကားပေါ်မှာ ခရီးသည်နဲ့ ယာဉ်မောင်းတို့ စကားများနေကြဟန်တူသည်။ ထို့နောက် အမျိုးသမီးက လက်ကိုင်ဖုန်းနဲ့ ယာဉ်မောင်းရဲ့ ဦးခေါင်းကို ရိုက်စဉ် ယာဉ်မောင်းက ဒေါသထွက်ပြီး အမျိုးသမီးကို လက်ပြန် ပြန်ရိုက်ခဲ့သည်။ ဒါပေမယ့် ဒေါသကြီးဟန်တူသော ယာဉ်မောင်းက အားမရသေးပဲ စတီယာရင်ကို တံတားနံရံဘက်သို့ ချိုးချကာ ဒေါသအလျောက် မြစ်ထဲသို့ ရည်ရွယ်ချက်ဖြင့် မောင်းချသွားခဲ့ပုံရသည်။

ဘတ်စ်ကားပေါ်တွင် လူ ၁၅ ဦးခန့် လိုက်ပါသွားပြီး ၁၃ ဦးသေဆုံး ၂ ဦးပျောက်ဆုံးနေပြီး ဘတ်စ်ကားကိုတော့ ရန်ဇီမြစ်ရဲ့ ၇၁ မီတာအနက်မှာ တွေ့ခဲ့ပြီး ဗုဒ္ဓဟူးနေ့ညက ပြန်လည် ဆယ်တင်ခဲ့ကြောင်း သိရှိရသည်။



Follow us on