1. Home
  2. Movie Stars - Celebrity

အသက် ၄၉ နှစ်ရှိပြီဖြစ်သော်လည်း ၂၉ နှစ်လို အရွယ်တင်နုပျိုဆဲ ဂျေလို

Movie Stars - Celebrity พ.ย. 02, 2561 view 1,485

အမေရိက ပေါ့ပ်စတား ဂျနီဖာလိုးပက်ဇ် (ခေါ်) ဂျေလိုဟာ အသက် ၅၀ နီးပါး ရှိနေပြီဆိုတာလူတိုင်းအသိပဲဖြစ်ပါတယ်။ သူမ အသက်အရွယ်နဲ့ မလိုက်အောင် ပဲနုပျိုနေတာကြောင့် သူမကိုအသက် ၄၉ နှစ်ရှိပြီဆိုတာ လူတိုင်းနီးပါးမေ့နေလောက်တဲ့ အထိပါပဲ။

ဟောလိုးဝင်း (သရဲကြီးည) မှာ ဂျေလိုဟာ ဖလော်ရီဒါပြည်နယ် မိုင်ယာမီ ကမ်းခြေမှာ ရောက်ရှိနေခဲ့ပါတယ်။ နိုဝင်ဘာလ တစ်ရက်နေ့မှာ သူမဟာ မိုင်ယာမီမြို့ထဲ သွားရောက်လည်ပတ်ခဲ့တဲ့အခါမှာ သူမရဲ့ နုပျိုနေဆဲ အလှကြောင့် လူထုပရိတ်သတ်ကြီးက ရင်သပ်ရှုမောဖြစ်နေရတဲ့အထိပါပဲ။ Gym Suit အနက်ရောက်ဝမ်းဆက်ကို အထက်အောက်အထာကျကျ ဝတ်ဆင်ထားတဲ့သူမဟာ အသက် ၂၉ နှစ်အရွယ် တစ်ယောက်လိုနုပျိုလှပနေဆဲပဲဖြစ်ပါတယ်။

Gym Suit ကိုဝတ်ဆင်ပြီးသွားရတဲ့အကြောင်းအရင်းကတော့ သူမ Gym သင်တန်းတစ်ခုအတွက် ကြော်ငြာရိုက်ဖို့ ဖြစ်ပါတယ်။ သူမရဲ့ ချပ်ရပ်လှပတဲ့ ဗိုက်ကြွက်သား Abs ကို ပိုမိုပေါ်လွင်အောင် အပေါ်ပိုင်းကို Bra တစ်ထည်သာ ဝတ်ဆင်ခဲ့ပါတယ်။

သူမဟာ မိုင်ယာမီကျွန်းကို သူမချစ်သူဘေ့စ်ဘောကစားသမား အဲလက်စ်ရော်ဒရီဂုဇ် နဲ့အတူလာရောက်လည်ပတ်ခဲ့တာပဲဖြစ်ပါတယ်။

အသက် ၅၀ နီးပါရှိပြီဖြစ်သော်လည်း နုပျိုလှပဆဲဂျေလိုက သူမရဲ့ အသားအရေထိန်းသိမ်းနည်းများနဲ့ ခန္ဓာကိုယ် အလှမပျက်အောင် ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းကောင်းများကို Instyle Magazine ရဲ့ အင်တာဗျူးများကိုဖြေကြားရင်း ဝေမျှပေးလိုက်ပါတယ်။

ပထမအချက်အနေနဲ့ အစဉ်အမြဲနုပျိုလှပနေဖို့ ကဖိန်းဓာတ်နဲ့ အယ်လ်ကိုဟော(အရက်) ကို အဓိကထားပြီးရှောင်ရမယ်လို့ သူမကပြောထားပါတယ်။ သူမအနေနဲ့ ခန္ဓာကိုယ် ကျန်းမာတောင့်တင်းလှပနေစေရန်အတွက် ကွန်မန်ဒိုကစားနည်းကို လေ့ကျင့်ခဲ့ပါတယ်တဲ့။ “ကျွန်မ အရမ်းကြိုးစားခဲ့တာ ခုတော့အရာထင်သွားပြီပေါ့ ဘယ်လိုပဲဖြစ်ဖြစ် လှပမှုဆိုတာလဲ ကြိုးစားမှရတာပဲလေ” ဟုသူမက အားတက်သရောပြောကြားခဲ့ပါတယ်။ ပြီးတော့ သူမက Gym Trainer နဲ့ တိုင်ပင်ပြီး အစားအသောက်ကိုလဲ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဝိတ်မတက်စေတဲ့အစားအစာများ ကိုသာ စားဖြစ်တယ်လို့ ဆိုထားပါတယ်။ အရွယ်တင်နုပျိုချင်ရင်တော့ အိပ်ရေးဝအောင် အိပ်ဖို့ကလဲ အဓိကျပါတယ်တဲ့။ ဒါကြောင့် ဂျေလိုက “သင်တို့ရဲ့ နေ့စဉ်သောက်နေကျ star bucks ကိုစွန့်လွှတ်လိုက်ပါတော့” လို့ပြောဆိုခဲ့ပါတယ်။

ဂျေလိုဟာဆိုရင် ဟောလိဝုဒ်ရဲ့ပေါ့ပ်စတားတစ်ယောက်အနေနဲ့သာမက Fashion icon တစ်ယောက်အဖြစ်ပါ အောင်မြင်စွာရပ်တည်လာတာ အချိန်တော်တော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။ Celebrity ဆိုတာ နိုင်ငံတစ်နိုင် နဲ့ ထိုနိုင်ငံမှာရှိတဲ့ လူများရဲ့ Role Model မဟုတ်ပါလား။ သူမရဲ့ လှပတဲ့ခန္ဓာကိုယ်နဲ့ Gym Suit ကြောင့် အခုဆိုရင် အမေရိကန်နိုင်ငံမှာရှိတဲ့ အမျိုးသမီး ငယ်တော်တော်များများဟာဆိုရင် သူမလိုအရွယ်ရောက်ရင် နုပျိုလှပနိုင်အောင်လို့ Gym မှာ သွားရောက်ကာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့လေ့ကျင့်ခန်းများကိုပြုလုပ်ပြီး အစားအသောက်များကိုလဲ သင့်တင့်မျှတစွာစားသုံးသူများ များပြားလာတယ်လို့သိရပါတယ်။



Follow us on