1. Home
  2. Movie Stars - Celebrity

Fantastic 4 မကြာမီထုတ်လွင့်ဖြန့်ချီတော့မည်

Movie Stars - Celebrity ส.ค. 06, 2558 view 1,856

မကြာမီထုတ်လွင့်တော့မှာ ဖြစ်တဲ့ Fantastic 4 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ Fantastic 4 ဇာတ်ကားဟာ အမေရိကန်စူပါဟီးရီုးရုပ်ရှင်ဇာတ်ကားဖြစ်ပြီး 20th Century Fox နေထုတ်လွင့်ဖြန့်ချီပေးမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ ဂျိုစ်ထရန့်က ရိုက်ကူးထားတာဖြစ်ပြီး မိုင်း(စ်)တယ်လာ၊ မိုက်ကယ်ဘီဂျော်ဒန်၊ ကိတ်မာရာ၊ ဂျမ်မီဘဲလ်၊ တော်ဘီကက်ဘယ်လ်၊ ရက်အီကက်သီနဲ့ တင်းဘလိတ်နက်ဆန်တို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ ဇ်ာကားရဲ့အကျဉ်းကတော့ ရန်သူလက်ထဲကျရောက်နေတဲ့ ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် သူငယ်ချင်းလေးယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ပြောင်းလဲပေးနိုင်တဲ့ စကြာဝဋ္ဌာကို ထွက်ခွာပြီး သူတို့ရဲ့စွမ်းအားတွေကို ထိန်းချုပ်ရရှိနိုင်ဖို့အတွက် သွားရောက်လေ့လာကြမှာဖြစ်ပါတယ်။

ဒီစကြာဝဋ္ဌာကို ရောက်ရှိသူတွေအနေနဲ့ သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲပေးစေနိုင်မှာဖြစ်ပြီး စွမ်းအားသစ်တွေကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ စကြာဝဋ္ဌာကို သွားရောက်တဲ့ သူငယ်ချင်းလေးယောက်အဖွဲ့ရန်သူရဲ့ အန္တရာယ်ကနေ ကမ္ဘာကြီးကို ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးက မကြာပြီစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။



Follow us on