1. Home
  2. Movie Stars - Celebrity

အနုပညာရှင်ဖြစ်ရတာ မလွယ်ဘူးလို့ပြောလာတဲ့ ဖြိုးမြတ်အောင်

Movie Stars - Celebrity พ.ย. 05, 2561 view 1,489

Myanmar Idol season 3 ရဲ့ winner ဖြိုးမြတ်အောင်ဟာ သူ့ရဲ့ အသံပါဝါအားကောင်း တဲ့ သီးချင်းသီဆိုပုံနဲ့ ရိုးသားတဲ့ဟန်ပန်အမူအရာတို့ကြောင့် ပရိတ်သတ်များရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

Myanmar idol winner ဖြစ်လာတာနဲ့အမျှ အားပေးတဲ့ပရိတ်သတ်ကလဲပိုမိုများပြား လာတာကြောင့် အရင်ကလို လွတ်လပ်မှုတွေပြန်မရလာနိုင်တော့ဘူးလို့ပြောလာပါ တယ်။ “ပွဲတွေမှာကအစ လုံခြုံရေးတွေနဲ့ သွားလာနေရတော့ လွတ်လပ်မှုတွေ ကုန်ဆုံးကုန်ပြီ” လို့အင်တာဗျူးတစ်ခုမှာဖြေကြားထားပါတယ်။

အရင်က လွတ်လပ်တဲ့သာမန်လူတစ်ယောက်ပဲဖြစ်တဲ့ ဖြိုးမြတ်အောင်က “အရင်ကဆို ကိုယ်နေချင်သလိုနေလို့ရတယ်လေ၊ အခုကတော့ ထိန်းထိန်းသိမ်းသိမ်းနေရတာပေါ့၊ စကားပြောတာကအစ သွားသွားလာလာသတိထားနေရတယ် ” လို့ရင်ဖွင့်ပြောဆိုထားပါတယ်။

“ဘယ်သွားသွား သတိကပ်နေရတာ မလွယ်ဘူး” ဟု ညည်းတွားပြောဆိုထားပါသေး တယ်။

“ကျွန်တော့်ကို အများကြီးအားပေးကြတော့ ကျေးဇူးတင်တယ်။ တာဝန်တွေပိုကြီးလာတယ်လို့ခံစားရတယ်။ ပိုကြိုးစားဖို့လိုတယ် လို့ခံစားရတယ်” လို့ သူ့ခံစားချက်တွေကို ရင်ဖွင့်လာပါတယ်။



Follow us on