1. Home
  2. Movie Stars - Celebrity

ဘရုစလီကို ကမ္ဘာကျော်စေခဲ့သူ ဟောင်ကောင်ရုပ်ရှင်ဖခင်ကြီး ကွယ်လွန်

Movie Stars - Celebrity พ.ย. 05, 2561 view 1,811

ဟောင်ကောင်ရုပ်ရှင်လောက၏ ခေါင်းကိုင်ဖခင်တစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံထားရသည့် ပရိုဂျုဆာကြီး “ရေမွန်ချောင်း” မင်းသားဘရုစလီကို စင်တင်ပေးခဲ့သူ၊ နိုဝင်ဘာ ၂ ရက်နေ့၊ အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။


“ရေမွန်ချောင်း” ဟာ ဘရုစလီမင်းသားကို ကမ္ဘာမှာ ထင်ရှားကျော်ကြားလာအောင် လုပ်ဆောင်ပေးခဲ့သူဖြစ်ပြီး ဒီလုပ်ဆောင်ချက်ကြောင့် ဟောင်ကောင်ရုပ်ရှင်တွေဟာလည်း ကမ္ဘာ့ရုပ်ရှင်လောကမှာ နေရာရလာခဲ့ပါတယ်။


ဒါ့အပြင် ကမ္ဘာကျော်မင်းသား ဂျက်ကီချန်း၊ ဟွီညီအစ်ကိုများ၊ ဆမ်မိုဟောင်းနဲ့ ဒါရိုက်တာ ဂျွန်ဝူး(Mission Impossible) တို့ကိုလည်း သင်ကြားပြသပေးခဲ့သည့် ဆရာတစ်ဦးလည်းဖြစ်သည်။


“ရေမွန်ချောင်း” ကို ၁၉၂၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး သတင်းစာဆရာဘဝဖြင့် အသက်မွေဝမ်းကျောင်း  စတင်ခဲ့သည်။ အဲဒီနောက် ရေဒီယိုနဲ့ တယ်လီဗီရှင်း ပရိုဂျူဆာအနေနဲ့ နှစ်အတော်ကြာ လုပ်ကိုင်ခဲ့သည်။


၁၉၅၉ ခုနှစ်မှာတော့ ‘ရှောဘရားသား’ အုပ်စုနဲ့ ပူးပေါင်းကာ အရေးပါသည့် နေရာက ဦးဆောင်ခဲ့ပြီး ‘ရှောဘရားသား’ ကိုအောင်မြင်အောင် လုပ်ကိုင်နိုင်ခဲ့ပါတယ်။

၁၉၇၀ ခုနှစ်မှာ ‘ဂိုးလ်ဒင်းဟားဗတ်စ် (Golden Harvest)’ ရုပ်ရှင်ထုတ်လုပ်ရေးကို “လီယိုနဒ် ဟိုကွန်ချောင်း” နဲ့အတူတူ တည်ထောင်ခဲ့ကြပြီး (Fist of Fury, Police Story နဲ့ The Pirate Eyes) စတဲ့ ရုပ်ရှင်ကားတွဲများ ဖန်တီးထုတ်လုပ်ခဲ့သူဖြစ်သည်။


၁၉၉၈ ခုနှစ်မှာ တရုပ်အစိုးရက ချီးမြှင့်တဲ့ “Gold Bauhinia Star” ဆုကို ရရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့  ‘ဂိုးလ်ဒင်းဟားဗတ်စ်’ က သူ့ရဲ့ အစုရှယ်ယာတွေကို ရောင်းချခဲ့ပြီး အသက် ၈၁ နှစ်မှာ အငြိမ်းစား ယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဟောင်ကောင်ရုပ်ရှင်အစည်းအရုံးက ချီးမြှင့်တဲ့ တစ်သက်တာထူးချွန်ဆုကို ရရှိခဲ့ပါတယ်။


၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့မှာတော့ “ရေမွန်ချောင်း” ကွယ်လွန်ခဲ့ပြီး ဟောင်ကောင်ရုပ်ရှင်လောကအတွက် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်ကြောင်း သူ၏မိတ်ဆွေဖြစ်သူ “ရောဘတ်ချွား” က ပြောဆိုခဲ့ပါတယ်။



Follow us on