1. Home
  2. Movie Stars - Celebrity

သားလေးသာ ဝါသနာပါရင်မင်းသားလုပ်ခိုင်းမယ်ဆိုတဲ့ သဉ္စာနွယ်ဝင်း

Movie Stars - Celebrity พ.ย. 05, 2561 view 1,767

သရုပ်ဆောင် သဉ္စာနွယ်ဝင်းရဲ့ သားလေးဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ အသက် ၁ နှစ်တိတိပြည့်တော့မှာဖြစ်ပါတယ်။ သားသားလေး နာမည်ကတော့ Peach lay ပါ။

သဉ္ဓာ့ အနေနဲ့ သူမကအနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သားကြီးလာရင် အနုပညာအလုပ် လုပ်ခိုင်းဖို့ အစီအစဉ်ရှိမရှိကို မေးမြန်းလာတဲ့အခါမှာ သူမက အောက်ပါအတိုင်းပြောကြားထားပါတယ်။

“သားလေးကိုကြီးလာရင် အနုပညာအလုပ် ဝါသနာပါရင်လုပ်ခိုင်းမယ်။ ကိုယ်တောင်မှ ဝါသနာပါလို့ လုပ်ခဲ့တာဆိုတော့ သားကအရမ်းငယ်သေးတော့ပညာပဲ အရင်သင်ပါစေဦး။ ယောင်္ကျားလေးဆိုတော့ ကြီးလာရင်စီးပွားရေးတွေလဲ လုပ်ခိုင်းရဦးမယ်။” လို့ သားဖြစ်သူအတွက်သူမရည်မှန်းထားတဲ့အရာတွေကိုပြောဆိုလာပါတယ်။

သားလေးရဲ့ ဘဝရှေ့ရေးအတွက် သူမရဲ့ ဆန္ဒတစ်ခုတည်းနဲ့ ရပ်တည်ခိုင်းမှာမဟုတ်ကြောင်းကိုလဲ သူမက ပြောကြားထားပါတယ်။ “ကြီးလာရင် သူဝါသနာပါတာတွေလုပ်ခိုင်းမယ်။ အနုပညာဝါသနာပါရင် အနုပညာပေါ့” ဝါသနာပါရာကို လျှောက်လှမ်းစေချင်တဲ့သဘောနဲ့ ပြောထားပါတယ်။

ယခု လက်ရှိမှာ ခင်ပွန်းအတွက်ရော သားလေးအတွက်ပါ အိမ်ထောင့် တာဝန် ဝတ္တရားတွေကို ကျေပွန်အောင်ထမ်းဆောင်နေတဲ့ သဉ္စာနွယ်လေးဟာ သားလေးကို တခြားအမေတွေလိုပဲ သူစားချင်တာရှိရင်ချက်ကျွေးတယ်။ သားလေးအတွက်ပဲ အကုန်လုပ်ပေးဖြစ်တယ်လို့ဆိုထားပါတယ်။

သားသား Peach Lay ရဲ့ ၁နှစ်ပြည့်မွေးနေ့ပွဲကိုလဲ အလုံမြို့နယ်မှာဖွင့်လှစ်ထားတဲ့ Hotpot City ဆိုင်ခွဲမှာ ညနေ ၆း၃၀ အချိန်မှ ည ၉ နာရီအချိန်အထိ ကျင်းပပြုလုပ်သွားမယ် လို့သိရပါတယ်။



Follow us on