1. Home
  2. Movie Stars - Celebrity

မတည်မြဲခြင်းတရားကို လက်ကိုင်ထားတယ်ဆိုတဲ့ တိုင်ရွန်

Movie Stars - Celebrity พ.ย. 05, 2561 view 1,619

တက်သစ်စ လူငယ်မော်ဒယ်သရုပ်ဆောင်ထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ တိုင်ရွန်ဘီဂျေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့မှာ သေဆုံးခဲ့တဲ့ သရုပ်ဆောင် မင်းသွေး ရဲ့အဖြစ်အပျက်နဲ့ပတ်သတ်ပြီး သူလဲ သံဝေဂ တရားရတယ်ဆိုတဲ့ အကြောင်းကို အင်တာဗျူးတစ်ခုမှာ ဝေမျှလာပါတယ်။

“ကိုမင်းသွေးဆုံးသွားလို့ သတိရမိတာက ကျွန်တော်တို့ ထင်နေကြတာက သေရင်ကျွန်တော်တို့ချစ်တဲ့ လူတွေရဲ့ လက်ထဲမှာပဲ သေကြလိမ့်မယ်လို့ ကျွန်တော်တို့ ထင်နေကြတယ်။ အဲ့ဒီတော့ ပြောစရာစကားကို အကုန်မပြောဖြစ်ဘူး။ မနက်ဖြန်ရှိသေးတာပဲ ဆိုပြီး ကျွန်တော်တို့ အချိန်ဆွဲနေကြတယ်။ မနက်ဖြန်ရှိသေးတာပဲ ပြီးမှ ငါတို့အဖေအမေကို ဂရုစိုက်မယ်ဆိုတဲ့ အတွေးတွေ ကျွန်တော်တို့မှာရှိတယ်။ ” လို့ပြောထားပါတယ်။

ဒါပြီး တိုင်ရွန်က မသေခင်အချိန်လေးမှာ ကိုယ့်မိဘတွေကို ဂရုစိုက်ဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

“ကျွန်တော် ဘယ်နေ့သေမလဲမသေချာဘူးဆိုတော့ အရင်ကထက်မိဘတွေကို ပိုဂရုစိုက်ဖြစ်တယ်။ ပြောစရာရှိရင်အကုန်ပြောတယ်။ ယဉ်ယဉ်ကျေးကျေးပြောတတ် လာတယ် အဲ့တာကျွန်တော့်ရဲ့သံဝေဂပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်သေသွားရင် ဘာမှမသိနိုင်တော့ဘူးလေ။” ဟုပြောထားပါတယ်။

ကိုယ့်မိဘနဲ့ ကိုယ်နဲ့ ဘယ်သူအရင်သေမှာမသိတဲ့အတွက် မသေခင်လေးမှာ မိဘတွေကို ဂရုစိုက်ပါလို့ တိုင်ရွန်က သူ့ပရိတ်သတ်တွေကို တိုက်တွန်းပြောကြားထားပါတယ်။



Follow us on