1. Home
  2. Movie Stars - Celebrity

အင်ဂျလီနာဂျိုလီ သားဖြစ်သူကို တောင်ကိုးရီးယားတွင်ကျောင်းတက်စေမည်လား

Movie Stars - Celebrity พ.ย. 06, 2561 view 1,639

နာမည်ကျော် ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီ ရဲ့ သားဖြစ်သူဟာ တောင်ကိုးရီးယားနိုင်ငံ ယွန်ဆေး အမျိုးသားတက္ကသိုလ်မှာ တက်ရောက်ဖို့ ဝင်ခွင့်လျှောက်ထားတယ်လို့သတင်းများထွက်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ဂျိုလီနဲ့ သားဖြစ်သူ
‘မတ်ဒေါ့ဇ်’တို့ဟာ တောင်ကိုးရီးယားနိုင်ငံသို့ အလည်အပတ်လာရောက်ကာ ယွန်ဆေး တက္ကသိုလ်ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ ပင်မအဆောက်အအုံကို သွားရောက်လည်ပတ်ခဲ့ပြီး ကဗျာဆရာ ယွန်းဒုံဆူ ရဲ့ ကျောက်တိုင် နှင့် တောင်ကိုးရီးယားနိုင်ငံရဲ့ ပထမဦးဆုံးဆေးတက္ကသိုလ်(ဆေးပညာဌာန) သို့လဲ၁နာရီခန့် အချိန်ပေးပြီး  သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။

အင်ဂျလီနာဂျိုလီရဲ့ သားဖြစ်သူဟာ ကိုးရီးယားဘာသာစကားနဲ့ ယဉ်ကျေးမှုကို အင်မတန်မှ စိတ်ဝင်တစားရှိလှတဲ့ အတွက် People magazine နဲ့ ဟောလိဝုဒ် သတင်းမီဒီယာများက သူမရဲ့ သားဖြစ်သူကို ယွန်ဆေးတက္ကသိုလ်မှာ ထားဖို့ လာရောက်စုံးစမ်းတာဖြစ်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

ထိုကိစ္စနဲ့ ပတ်သတ်ပြီး သတင်းမီဒီယာများက ယွန်ဆေး အမျိုးသားတက္ကသိုလ် ကိုဖုန်းနဲ့ အင်တာဗျူးခဲ့တဲ့အခါမှာတော့ ဂျိုလီရဲ့ သားဖြစ်သူဟာ တက္ကသိုလ်မှာ တက်ရောက်ခွင့်ဖြေဆိုဖို့ လျှောက်ထားခြင်းမရှိကြောင်းကို နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဂျိုလီဟာ မင်းသား ဂျောင်ဝူဆောင်း၊ တရားရေးရာဝန်ကြီး ပတ်ဆန်းကီ တို့ကို UNHCR (ခိုလှုံသူများကိုစောင့်ရှောက်ပေးသည့် အဖွဲ့အစည်း) ရဲ့ သံတမန်အနေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ မင်းသားဂျောင်ဝူဆောင်းဟာလဲ UNHCR အဖွဲ့အစည်းရဲ့ ချစ်ကြည်ရေးသံအမတ်တစ်ဦးဖြစ်ပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 
 
 

A post shared by Woo Sung Jung (@tojws) on


“ခိုလှုံသူတွေကို ကူညီထောက်ပံ့ပေးတဲ့မင်းသား ဂျောင်ဝူဆောင်းကို ကျေးဇူးတင်ပါတယ်။ အရမ်းလဲဂုဏ်ယူမိပါတယ်။ ” ထိုတွေ့ဆုံဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။

ပြီးတော့ သူမဟာ လူသားချင်းစာနာနားလည်မှုရှိဖို့ ၊လူမျိုးခြား၊ဘာသာခြားများကို ခွဲခြားဆက်ဆံခြင်းများ၊ ကျား၊မ ခွဲခြားဆက်ဆံခြင်းမျိုး အစရှိသည်တို့ကို အမြန်ဆုံး ပပျောက်အောင် လူတွေအကုန်လုံးက ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။



Follow us on