1. Home
  2. Myanmar News

သိန်း ၅၀၀၀ ထီဆုလက်မှတ် ဆုတ်ပြဲသွားသည့်မှာ သတင်းမမှန်

Myanmar News พ.ย. 06, 2561 view 1,641

လတ်တလော လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားနေတဲ့ အောင်ဘာလေထီဆု သိန်း ၅၀၀၀ ဆု ထီလက်မှတ် ဆုတ်ပြဲ ခဲ့သည်မှာ အမှန်တစ်ကယ်မဟုတ်ဘဲ ထီပေါက်သူ အစစ်အမှန် မှာ ပဲခူးတိုင်း က၀မြို့နယ် ဖြစ်ကြောင်းသိရပါတယ်။


သိန်းငါးထောင်ကိစ္စရပ် ကဌ-179956 ဆုပိုင်ရှင်ကိုယ်တိုင် မိုးယံ သို့လာရောက်ဆက်သွယ်လာခဲ့ပါတယ်။ နောက်ထပ်ပြီး ထီလက်မှတ်ပြဲနေသော ကာယံကံရှင် ဗီဒီယိုဖိုင် များနှင့် မီဒီယာတစ်ချို့ ပေါ်တွင်ဖော်ပြထားသော ဖုန်းနံပါတ်အစစ် အမှန်အားဆက်သွယ် မေးမြန်ရာတွင်လဲ ဖုန်းပိတ်ထားခြင်းသာဖြစ်နေပါသည်။ စုတ်ပြဲသွား သည့် ထီဂဏန်းနံပါတ်ဟာမည်သည့်နံပါတ်ဆိုသည် မှာမသိရပေမဲ့  သိန်းငါးထောင် ဆု နှစ်ဆုလုံးဟာ ထုတ်ယူပြီဖြစ် ပါကြောင်း သတင်းရရှိပါသည်။


အချို့ ချို့ မီဒီယာများတွင်ဖော်ပြထားသောအချက်အလက်မှာ မိုးယံမှဆက်သွယ်လာသည် ဆိုသည့်သတင်းများမှာလဲမှားယွင်းပါကြောင်း သိရပါတယ်။ ယခု ဖြစ်နေသော ကဌ-179956 မှာလဲ စောင်ရေ (၂၀)အင်တာနက် မှ ဖြစ်ပြီး မည်သည့်ထီလက်မှတ်မှ စုတ်ပြဲချင်းမရှိပါ ။

(၂၀)ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲကြီးတွင် ကျပ်သိန်း-၅၀၀၀ ဆုကြီးနှစ်ဆုဖြစ်ပြီး......
(၁) ကဌ-၁၇၉၉၅၆ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ
(၂) ကဃ-၇၃၇၂၁၁ မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ နှစ်ဆု တို့ဖြစ်ပါတယ်။




Follow us on