1. Home
  2. Special or Others

တစ်ည သိန်း၈၀၀ ကျသင့်မည့် ကမ္ဘာ့ပထမဦးဆုံး ရေအောက်ဟိုတယ် မော်လ်ဒိုက်တွင် ဖွင့်လှစ်

Special or Others พ.ย. 06, 2561 view 1,663

ကမ္ဘာ့ပထမဦးဆုံး ရေအောက်ဟိုတယ်ကို မော်လ်ဒိုက် နိုင်ငံမှာ ဖွင့်လှစ်လိုက်ပါတယ်။ အိန္ဒိယသမုဒ္ဒရာရဲ့ အောက်မှာ တည်ဆောက်ထားတဲ့ ဟိုတယ်အခန်းတွေက သဘာဝအတိုင်း ကူးခတ်သွားလာနေတဲ့ ငါးလေးတွေကို ကြည့်ရှုရင်း စိတ်အပမ်းဖြေ အနားယူအိပ်စက်နိုင်မှာဖြစ်ပါတယ်။


ကွန်းရဒ်ကွန်းရဒ်ဇိမ်ခံဟိုတယ်ကြီးအပိုင် “မူရာကာ (Muraka)” လို့ အမည်ပေးထားတဲ့ အထူးအခန်းမှာတော့ နှစ်ထပ်ဆောင်ပါရှိပြီး အောက်ထပ်အိပ်ခန်း၊ ရေချိုးခန်း နဲ့ မီးဖိုခန်းတွေက အိန္ဒိယသမုဒ္ဒရာရဲ့ ၁၆ ပေ အနက်မှာရှိပါတယ်။ အပေါ်ထပ်အခန်းမှာတော့ ရေပြင်အထက်မှာရှိပြီး နေပူဆာလှုံတာ နေဝင်ချိန်ကြည့်တာတွေအတွက် ရည်ရွယ်ထားပါတယ်။


အထူးဇိမ်ကျကျ အနားယူလိုတဲ့ ဧည့်သည်တွေအတွက် “မူရာကာ”မှာ သီးသန့်ကိုယ်ပိုင် အားကစားခန်းမ၊ အရက်ဘား၊ ရေကူးကန်၊ သမုဒ္ဒရာကို မျက်နှာမူထားတဲ့ ရေစိမ်ကန်တို့လည်းပါရှိပါတယ်။


ဈေးနှုန်းအနေနဲ့ တစ်ညကို ဒေါ်လာ ၅၀,၀၀၀/ သတ်မှတ်ထားပြီး တစ်ညထဲလည်း တည်းခိုနိုင်ပါတယ်။ အကယ်၍ ၄ ည ဆက်တိုက် တည်းဆိုဖို့ ကြိုတင်စာရင်းသွင်းမယ်ဆိုရင်တော့ အားလုံးအပြီးအစီး ဒေါ်လာ ၂၀၀,၀၀၀/ ကျသင့်ပါတယ်၊ အဲဒီအထဲမှာ သီးသန့်စာမှူးနဲ့ သီးသန့် လှေတို့လည်း ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒီလိုပက်ကေ့ခ်ျအစီစဉ်ကို အသုံးပြုသေူတွေဟာ ဟေလ်တန် ဟိုတယ်ရဲ့ အလိုလျှောက် ဒိုင်းမွန်းမန်ဘာလည်း ဖြစ်ခွင့်ရမှာဖြစ်ပါတယ်။


“မူရာကာ” ဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် အသေးစိတ်ချင့်ချိန်ဆောင်ရွက်ထားပြီး ဟိုတယ်ရဲ့ အစိတ်အပိုင်းတွေကို စင်ကာပူမှာ တည်ဆောက်ပြီးမှ သင်္ဘောနဲ့တင်ကာ မော်လ်ဒိုက်မှာ ပြန်လည်နေရာချထားခဲ့တာဖြစ်ပါတယ်။


ရေအောက်မှာတော့ လှိုင်းဒဏ်ကြောင့် ရွေ့မသွားရအောင် ပိုင်ရိုက်ပြီး အဆောက်အဦကို တည်တံ့အောင် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒီဟိုတယ်မှာ တည်းခိုဖို့ တစ်ညကို မြန်မာကျပ်ငွေ သိန်း ၈၀၀ နီးပါးကျမှာဖြစ်ပါတယ်။



Follow us on