အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးဟာ စီးရီးအေကလပ် အေစီမီလန်အသင်းကို ပြောင်းရွှေ့ကိုင်တွယ်ဖို့အတွက် နီးစပ်နေပြီလို့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။
နည်းပြလောကကို ပြနc်လည်ဝင်ရောက်တော့မယ်လို့ အတည်ပြုပြောကြားခဲ့တဲ့ အာဆင်နယ် နည်းပြကြီး ဝင်ဂါး ဟာ အေစီမီလန်အသင်းရဲ့ နည်းပြ ဂတ်တူဆိုရဲ့နေရာကို အစားထိုးဝင်ရောက်ဖို့ ရေပန်းစားနေပြီ ဖြစ်ပါတယ်။ ဂတ်တူဆိုရဲ့ နေရာကို အစားထိုးဝင်ရောက်ဖို့အတွက် အေစီမီလန်နဲ့ ၀င်းဂါးတို့ အကြိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။
အာဆင်နယ်က ထွက်ခွာခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ ၀င်းဂါးကို ပီအက်စ်ဂျီအသင်းကလည်း ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် အေစီမီလန်အသင်းက ၀င်းဂါးကို ခေါ်ယူနိုင်ဖို့ အားထုတ်နေမှုဟာ အောင်မြင်တော့မှာ ဖြစ်ပါတယ်။