1. Home
  2. Movie Stars - Celebrity

ဝန်းရံနေတဲ့ယောကျာ်းထုကြီးကို ကြေကွဲအောင်လုပ်ချလိုက်တဲ့ လုလုအောင်

Movie Stars - Celebrity พ.ย. 06, 2561 view 2,464

မော်ဒယ်လောကအပြင် လူထုပရိသတ်တွေကြား မသိသူမရှိလောက်အောင် နာမည်ကြီးတဲ့ မော်ဒယ်လုလုအောင်ဟာဆိုရင် ကလေးတိုင်းရင်းသူလေးတစ်ယောက်ဖြစ်သလို ချစ်စရာကောင်းတဲ့ သမီးလေးကိုပိုင်ဆိုင်ထားတဲ့ Single mother တစ်ယောက်လဲဖြစ်ပါတယ်။ Sexy model တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ လုလုအောင်ကတော့ သူမရဲ့စွဲမက်ဖွယ် ညှို့ငင်ဖမ်းစားနိုင်လွန်းတဲ့ကောက်ကြောင်းအလှတို့ကြောင့် ယောကျာ်းထုကြီးရဲ့ တစ်ခဲနက်ဝန်းရံအားပေးခြင်းကို ခံထားရတာပဲဖြစ်ပါတယ်။ အသက်ရှုတွေမှားသွားလောက်မယ့် အလန်းစားပုံရိပ်တွေကိုမှ ရိုက်ကူးလေ့ရှိတာကြောင့်လဲ ပုရိဿအပေါင်းရဲ့အသဲကျော်ဖြစ်လို့နေကာ ချစ်စနိုးနဲ့ ခေးကြီးလုလို့တင်စားခေါ်ကြတဲ့ လုလုအောင်ကတော့ သူမကိုဝန်းရံအားပေးနေကြတဲ့ ကိုကိုတွေ၊ မောင်မောင်တွေအသဲနှလုံးကို ကြေကွဲသွားအောင်လုပ်ချလိုက်တာပဲဖြစ်ပါတယ်။



Sexy ကျကျဖက်ရှင်တွေနဲ့ အမြဲလန်းနေတတ်တဲ့ ခေးကြီးလုဟာဆိုရင် ဒီနေ့မှာတော့ မြန်မာဝတ်စုံလေးတွေနဲ့လှပနေတဲ့ ပုံရိပ်တွေနဲ့အတူ “မောင့်မိဘတွေနဲ့ မင်္ဂလာစကားပြောဖို့...မောင်က ရိုးရိုးယဉ်ယဉ်ဝတ်ခဲ့ဘာတဲ့” ဆိုတဲ့ စာသားလေးရေးကာ သူမရဲ့လူမှုကွန်ယက်ကနေမျှဝေလိုက်တာပဲဖြစ်ပါတယ်။ လူကြီးတွေနဲ့ မင်္ဂလာစကားပြောတော့မှာမို့ မောင့်အကြိုက်ရိုးရိုးလေးဝတ်ဆင်ခဲ့တယ်ဆိုကာ စနောက်ရေးသားလိုက်တာပဲဖြစ်ပါတယ်။ အမြဲတမ်း Sexy ကျကျလှနေတဲ့ ခေးကြီးလုရဲ့ ဘမြန်မာဝတ်စုံလေးတွေနဲ့ လှနေချက်ကတော့ အသဲတွေပါတဖြုတ်ဖြုတ်နဲ့ ကြွေချင်စရာပါပဲနော်....







Follow us on