1. Home
  2. Special or Others

မွေးကင်းစ အမွှာပူးကလေးနှစ်ယောက်ကို ကားမောင်းရင်း လွှင့်ပစ်ခဲ့(ရုပ်သံ)

Special or Others พ.ย. 08, 2561 view 1,806

မွေးကာစကလေးငယ် အမွှာပူးမိန်းကလေး နှစ်ယောက်ကို မောင်းနှင်နေသည့် ကားပေါ်မှ လမ်းပေါ်သို့ လွှင့်ပစ်ချခဲ့သဖြင့် ကလေးများ ဒဏ်ရာများရရှိကာ တစ်ဦးမှာ သေဆုံးသွားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ နီဂရော့စ်အိုရီယန်တယ်လ်မြို့အနီးတွင် ဖြစ်ပွားခဲ့ပြီး ကလေးငယ်လေးရဲ့ ငိုသံကြားပြီး အနီးနားရှိလူများ ရောက်လာရာ ကာလမ်းနံဘေး မြက်တောထဲတွင် မွေးကင်းစ ကလေးနှစ်ယောက်ကို ဒဏ်ရာများနဲ့ တွေ့ခဲ့ကြသည်။

ကလေးတစ်ဦးမှာ ပိုသေးပြီး ပို၍လည်း အားနည်းနေပုံလည်းရပြီး တစ်ကိုယ်လုံးပြာနှမ်းကာ သတ်လစ်နေသည့် အနေအထားနဲ့ တွေ့ခဲ့ရသည်။ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ယင်းကလေးမှာ သေဆုံးသွားခဲ့သည်။ အခြားကလေးတစ်ဦးမှာတော့ အသက်ရှင်ခဲ့သည်။

ရုပ်သံမှာတော့ ကလေးတွေ ငိုယိုနေတာကို သနားစဖွယ်မြင်တွေ့ခဲ့ရပြီး ဒေသခံတွေက စောင်တွေနဲ့ ပတ်ထားပေးကာ ဆေးရုံကားအလာကို စောင့်နေကြတာကို တွေ့ခဲ့ရပါတယ်။ ကလေးတွေကို စွန့်ပစ်ခဲ့တဲ့ မိခင်ကိုလည်း အကြီးအကျယ်ဒေါပွနေကြပါတယ်။

“ဘယ်လိုမိခင်မျိုးက ဒီလိုစာနာစိတ်မရှိတဲ့ လုပ်ရပ်ကို လုပ်ခဲ့လဲ၊ ဒီလုပ်ရပ်အတွက် အဲဒီအမျိုးသမီး နေ့တိုင်းခြောက်လှန့်နေမှာ သေချာတယ်” လို့ ဒေါသထွက်နေတဲ့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။

တာဝန်ရှိသူတွေကတော့ ဒီကလေးတွေရဲ့ မိခင် ဘယ်သူဖြစ်တယ်ဆိုတာကို ခြေရာခံသွားမှာဖြစ်ပြီး ခုချိန်ထိတော့ မည်သူမည်ဝါဆိုတာ မသိရသေးပါဘူး။



Follow us on