1. Home
  2. Movie Stars - Celebrity

သရုပ်ဆောင်ကစ်ကစ်အတွက် ကျောက်ကပ်အလှူရှင် အရေးပေါ်လိုအပ်နေ

Movie Stars - Celebrity พ.ย. 08, 2561 view 1,560

ပရိသတ်တွေကို ဘ၀အမောတွေပြေအောင် ရယ်မောပျော်ရွှင်မှုတွေပေးခဲ့တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ဆိုရင် မသိသူမရှိလောက်အာင် ပရိသတ်တိုင်းချစ်ခင်အားပေးကြရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဆိုးရွားတဲ့ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကိုနားထားရတဲ့ ကစ်ကစ်ဟာဆိုရင် လက်ရှိမှာပိုမိုပြင်းထန်လာတဲ့ သူမရဲ့ကျောက်ကပ်ဝေဒနာကြောင့် အလှူရှင်တွေလိုအပ်လို့နေပါတယ်။

ဒါ့အပြင် အဆိုတော်သရုပ်ဆောင် ခင်သဇင်မှ ကစ်ကစ်ရဲ့ကျန်းမာရေးအတွက် တာဝန်ယူကူညီပေးနေကာ အရေးပေါ်အခြေအနေဖြစ်နေတဲ့ ကစ်ကစ်အတွက် ကျောက်ကပ်အလှူရှင် အရေးတကြီးလိုအပ်နေကြောင်းကို သူမရဲ့ဖေ့စ်ဘွတ်ကနေတစ်ဆင့် အကူအညီတောင်းခံထားတာကို တွေ့ရပါတယ်။

“သရုပ်ဆောင်မကစ်အတွက်ကျေက်ကပ်အလှူရှင် အရေးပေါ်လိုအပ်ပါတယ် သွေးအမျိုးအစား ”B” ဖြစ်ရပါမယ် နာတာရှည် ရောဂါ တမျိုးမျိုးမရှိရပါ အသက် ၂၅ နှစ်မှ ၄၀ ကြားသာ ဖြစ်ရန် သင့်တော်ပါသည် ကိုမင်းကို - ‭09793926812‬ သို့အမြန်ဆုံး ဆက်သွယ် လှူဒါန်းပေးကြပါရှင်” ဆိုပြီး အရေးပေါ်အခြေအနေဖြစ်နေတဲ့ မကစ်ကစ်အတွက် အကူအညီတောင်းခံထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင်ကစ်ကစ်ဟာ ရန်ကုန် Sakura ဆေးရုံမှာ ဆေးကုသမှုခံယူနေကာ အနုပညာရှင်အသိုင်းအ၀ိုင်းမှ စေတနာရှိသူများနဲ့ အချို့သောပရိသတ်တွေမှ ကစ်ကစ်ရဲ့ဆေးကုသမှုစရိတ်အတွက် ပါဝင်လှူဒါန်းနေကြတာကိုလဲတွေ့ရပါတယ်။ သမီးလေးတစ်ယောက်နဲ့အတူ ဘ၀ကိုရုန်းကန်ဖြတ်သန်းနေရတဲ့ သရုပ်ဆောင်ကစ်ကစ်ရဲ့ ကျန်းမာရေးအမြန်ဆုံးပြန်လည်ကောင်းမွန်လာစေဖို့ ပရိသတ်ကြီးကဆုတောင်းပေးကြပါဦးနော်….



Follow us on