အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုးကတော့ သူမရဲ့ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအယာနဲ့ အရုပ်ကလေးနဲ့တူအောင် လှပလွန်းသူလေးဖြစ်တာကြောင့် ပရိသတ်တွေကအားပေးချစ်ခင်နေကြရသူလေးပဲဖြစ်ပါတယ်။ အမိုက်စား ကာရမ်တွေ၊ ရသမ်တွေကြောင့် လူငယ်ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိထားတဲ့ အဆိုတော်ဂျီဖက်နဲ့ချစ်သူရည်းစာတွေဖြစ်နေကြတဲ့ သူတို့နှစ်ယောက်ကတော့ အများကသဘောတူအားကျနေရတဲ့ မနဲ့မောင်စုံတွဲလေးပဲဖြစ်ပါတယ်။
ဒီနေ့လေးမှာတော့ နန်းဆုက မကြာခင်ရက်ပိုင်းအတွင်း တစ်ကိုယ်တော် One Man Show ဖျော်ဖြေပွဲကြီးကို ကျင်းပပြုလုပ်တော့မယ့် ချစ်သူအတွက် ၀မ်းသာပီတိဖြစ်လို့နေပါတယ်။ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ကာ အောင်မြင်မှုမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်တော့မဲ့ ဂျီဖက်အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရကြောင်းကို လူမှုကွန်ပေါ်ကနေ ရေးသားမျှဝေထားတာပဲဖြစ်ပါတယ်။
နန်းဆုပြောထားတာကတော့ “သူနဲ့စတွေ့တည်းက သူပြောတဲ့'တနေ့' ဖြစ်ကိုဖြစ်ရမယ်၊ လုပ်ကိုလုပ်နိုင်ရမယ်လို့ တစိုက်စိုက်မတ်မတ်ကြိုးစားခဲ့တာ မကြာခင်ရောက်လာတော့မှာပါလား။ အခုလို 'တနေ့' ဆိုတဲ့နေ့လေးကို အလျင်အမြန်အကောင်အထည်ဖော်နိုင်ခဲ့လို့ဝမ်းသာပီတိဖြစ်ရပါတယ်… #GfattOneManShow က သူ့ဘဝမှတ်တိုင်တွေထဲကတစ်ခု သူ့ပရိသတ်တွေနဲ့အတူတူတက်ညီလက်ညီ စိုက်ထူကြမယ့် အောင်နိုင်ပွဲတခု” ဆိုကာ ချစ်သူရဲ့အောင်မြင်မှုအတွက် ၀မ်းသာပီတိဖြစ်လို့နေပါတယ်။
ဆက်လက်ပြီး ထိုပွဲအတွက် ဂျီဖက်တစ်ယောက် မနားမနေကြိုးစားထားရကြောင်းကို “နှစ်ရက်ပဲလိုတော့တဲ့ဒီပွဲမှာသူ့ရဲ့ ရှိသမျှစိတ်အင်အား အနုပညာအင်အားနဲ့အကောင်းဆုံးကြိုးစားဖျော်ဖြေမှာမို့ နေ့မနားညမနား အပင်ပန်းခံ ကြိုတင်ပြင်ဆင်မှုကြီးကို ကြည့်ပြီးဘေးကလူတွေကတောင်တားယူရတဲ့အထိ သူ့ပရိသတ်အပေါ် အရမ်းချစ်တာပါ… ဒါကြောင့်သူ့ပရိသတ်တွေလည်းသူု့ပင်ပန်းရကြိုးနပ်အောင် သူ့ကိုဘယ်လောက်ချစ်ကြောင်း ဒီပွဲလေးမှာသက်သေထူလိုက်ရအောင်… အားလုံးကိုသူမြင်ချင်မှာပါ အားလုံးတက်ညီလက်ညီ လာရောက်အားပေးပါ…” ဆိုကာ မနားမနေ ကြိုးစားပမ်းစားပြင်ဆင်ထားတဲ့ ချစ်သူရဲ့ Show ပွဲကို လာရောက်အားပေးဖို့ပါ ဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်။
ကဲ ပရိသတ်ကြီးရော 11.11.2018 တနင်္ဂနွေနေ့လေးမှာ ကန်တော်ကြီးမျှော်စင်ကျွန်းတွင် အပြတ်အသတ်ဖျော်ဖြေသွားမယ့် G Fatt ရဲ့ One Man Show ကိုသွားကြည့်ဖို့ အဆင်သင့်ဖြစ်နေကြပြီလား…