1. Home
  2. Special or Others

တင်ပါးအလှမယ်ပြိုင်ပွဲမှာ အနိုင်ရရှိသူကို ပြဿနာရှာတဲ့ ပြိုင်ပွဲဝင် (ရုပ်သံ)

Special or Others พ.ย. 08, 2561 view 2,000

ဘရာဇီးနိုင်ငံမှာ ပြုလုပ်နေကျဖြစ်တဲ့ “တင်ပါးအလှမယ်” ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ရိုရီးယားမားပြည်နယ် ကိုယ်စားပြု အသက် ၃၁ နှစ်အရွယ် အလှမယ် Ellen Santana က Winner ဆုရှင် ဖြစ်ခဲ့ပါတယ်။ ဒါကို မကျေနပ်လို့ အသက် ၂၇ နှစ်အရွယ် ပြိုင်ပွဲဝင် Aline Uva က Winner စလွယ်ကို စင်မြင့်ထက်မှာပဲ လုယူခဲ့ပြီး ပြဿနာရှာခဲ့ပါတယ်။

Aline Uva ဟာ Top 3 စာရင်းမှာတောင် မပါဝင်ခဲ့တဲ့အတွက် ဒေါသဖြစ်ပြီး Winner ရဲ့ စလွယ်ကို ပရိသတ်တွေရှေ့မှာတင် ဆွဲဖြုတ်ပြီး သူမကိုယ်မှာ ဝတ်ဆင်ပြီး စင်ပေါ်မှာ လှည့်လည်ပြသခဲ့ပါတယ်။ ဒါအပြင် သူမရဲ့ တင်ပါးဟာ ၁၀၀% အစစ်ဖြစ်ပြီး အနိုင်ရသွားသူကတော့ ခွဲစိတ်ပြုပြင်ပြီး ဆီလီကွန်တွေ ထိုးထားတာလို့လည်း ပြောသွားခဲ့ပါသေးတယ်။

Aline Uva ရဲ့ တင်ပါးဟာ ၁၁၀ စင်တီမီတာရှိပြီး အနိုင်ရသွားတဲ့ Ellen Santana ထက် ၅ စင်တီမီတာပိုကြီးပါတယ်။ ဒါကြောင့်မို့ မဲပေးမှုတွေမှာ မသမာမှုတွေရှိနေကြာင်း သူသာလျှင် Winner ဖြစ်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ Aline Uva ဟာ ပရိသတ်ရဲ့ မဲရလာဒ်နဲ့ ဖိုင်နယ်လ်ထိ တက်လာခဲ့သူဖြစ်ပါတယ်။

အစီစဉ်တင်ဆက်သူက သူမကို မနည်းဖြောင်းဖျပြီး စလွယ်ကို ပြန်ယူကာ Winner ဖြစ်တဲ့ Ellen Santana ကို ဝတ်ဆင်ပေးရင်း စင်အောက်ကို တွဲခေါ်သွားတာ ရုပ်သံမှာ တွေ့ခဲ့ရပါတယ်။



Follow us on