1. Home
  2. Movie Stars - Celebrity

အီဒရစ်အယ်လ်ဘာ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး ယောင်္ကျားအဖြစ်ရွေးချယ်ခံရ

Movie Stars - Celebrity พ.ย. 08, 2561 view 1,442

ဂျိမ်းစ်ဘွန်း ပရိတ်သတ်တွေက နောက်ထပ် 007 အသစ်ဖြစ်နိုင်ချေအများဆုံး လို့ လျာထားခြင်းခံရတဲ့ မင်းသား အီဒရစ်အယ်လ်ဘာ ဟာ People Magazine ရဲ့ တစ်ကမ္ဘာလုံးမှာ ဆွဲဆောင်မှုအရှိဆုံး ယောင်္ကျားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

သူ့ကို ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် ရွေးချယ်လိုက်တယ်ဆိုတဲ့ အကြောင်းကို magazine တိုက်ကနေ အသိပေးအကြောင်းကြားလိုက်တဲ့အခါမှာ အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ အီဒရစ် ဟာ မယုံကြည်နိုင်ခဲ့ဘူးလို့ပြောပါတယ်။

“ကျွန်တော် သတင်းကိုကြားကြားချင်း မှန်ကိုကြည့်ပြီး ကိုယ့်မျက်နှာကိုယ် ပြန်လည်ဆန်းစစ်မိပါတယ်။ အခုလိုရွေးခံရမှပဲ ကိုယ့်ကိုကိုယ် ဆွဲဆောင်မှုရှိမှန်း သိတော့တယ်” လို့ သူကအရယ်တစ်ဝက်နဲ့ပြောပါတယ်။ အနုပညာရှင်များအတွက်ကတော့ People Magazine ကရွေးချယ်တဲ့ ကမ္ဘာပေါ်မှာဆွဲဆောင်မှု အရှိဆုံး အမျိုးသား ဆိုတဲ့ ဆောင်ပုဒ်ဟာ အင်မတန်မှ ဂုဏ်ယူစရာကောင်းတဲ့ ဆောင်ပုဒ်တစ်ခုပါ။ ထိုသို့ ရွေးချယ် ခံရသူဟာ People Magazine ရဲ့ မျက်နှာဖုံးစာမျက်နှာမှာဖော်ပြခြင်းခံရပါတယ်။

မဂ္ဂဇင်း မျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ သက်တောင့်သက်သာ ဆွယ်တာအင်္ကျီအပါးနဲ့ ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်စေခဲ့ပြီး relax ဖြစ်ပြီး မြင်ရသူအပေါင်းကို သက်တောင့်သက်သာဖြစ်စေတဲ့ ခံစားချက်မျိုးရရှိစေပါတယ်။

အီဒရစ်ကလဲ “လူတစ်ယောက်က တခြားသူတွေကိုလွမ်းမိုးနိုင်ဖို့ အဓိကအချက်က ကိုယ်ရောက်လေရာနေရာမှာ သက်တောင့်သက်တာဖြစ်ပြီးလိုက်လျောညီထွေဖြစ်ဖို့ပါပဲ” လို့ပြောထားပါတယ်။

ဗြိတိန် နိုင်ငံရဲ့ နာမည်ကြီး လူကြိုက်များတဲ့ စတားထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့  အီဒရစ်အယ်လ်ဘာဟာ BBC Television မှထုတ်လွှင့်သော Luther ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသား ဇာတ်ရုပ်နဲ့ Golden Globe ဆုကိုရရှိခဲ့ပြီး “Thor” ဇာတ်ကားမှာလဲ Norse god နေရာကပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အမေရိက ရုပ်သံလိုင်းကထုတ်လွှင့်တဲ့ The Wire ဇာတ်လမ်းတွဲမှာလဲ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

အရင်နှစ်တွေတုန်းက ဆွဲဆောင်မှုအရှိဆုံးအမျိုးသားအနေနဲ့ ရွေးချယ်ခံခဲ့ရတဲ့ သူတွေက်တော့ Blake Shelton, Chris Hemsworth, Adam Levine , George Clooney နဲ့ Channing Tatum တို့ဖြစ်ပါတယ်။ ယခင်ရွေးချယ်ခံရသူများကို ကြည့် ခြင်းအားဖြင့် People Magazine ဟာ လူမဲတစ်ယောက်ကို ဆွဲဆောင်မှုအရှိဆုံး အမျိုး သားအနေနဲ့ မရွေးချယ်ခဲ့ဖူးဘူး ဆိုတာ သေချာသွားပါတယ်



Follow us on