1. Home
  2. Myanmar News

၂၀၁၉ ခုနှစ် မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒသစ်ထွက်ရှိ

Myanmar News พ.ย. 09, 2561 view 1,726

၂၀၁၉ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာလိုက်သည်။

ကားတင်သွင်းမှု မူဝါဒသစ်အရ ၂၀၁၉ ခုနှစ်တွင် ဘယ်မောင်းအမျိုးအစား တစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။ ယာဉ်အို/ယာဉ်ဟောင်းအပ်နှံ စလစ်ကပ် တင်သွင်းမည့် လူစီးယာဉ်များအားလုံး အနိမ့်ဆုံး ၂၀၁၆ မော်ဒယ် ဘယ်မောင်ယာဉ်များဖြစ်ရမည်ဖြစ်သလို ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်ဘတ်စ်ကားများအတွက် အနိမ့်ဆုံး ၂၀၁၅ မော်ဒယ် ဘယ်မောင်းယာဉ်များသာ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။

လူပုဂ္ဂိုလ်တစ်ဦးချင်းအစီစဉ်ဖြင့် တင်သွင်းမည်ဆိုပါက အနိမ့်ဆုံး ၂၀၁၇ ခုနှစ် ဘယ်မောင်း မော်တော်ယာဉ်များသာ တင်သွင်းရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်အတွင်း ဘယ်မောင်းကားသစ်များ ဝင်ရောက်လာမည်ဖြစ်သည့်အတွက် လက်ရှိပြည်တွင်းတွင် သုံးစွဲနေသော ဂျပန်တစ်ပတ်ရစ်ကားဈေးကွက် အခြေအနေ ပြောင်းလဲလာမည်ဟု မော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်နေကြသူများက သုံးသပ်ထားကြသည်။




Follow us on