1. Home
  2. Movie Stars - Celebrity

တူနှစ်ကိုယ်နေ့ရက်လေးကို ပျော်ရွှင်စွာဖြတ်သန်းနေကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီ

Movie Stars - Celebrity พ.ย. 09, 2561 view 1,951

ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်အစားဆုံးစုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့နှစ်ယောက်ကတော့ ချစ်သူရည်စားအဖြစ်ကနေ တစ်ဆင့်တက်ကာ ဇနီးမောင်နှံဆိုတဲ့ ရာထူးကိုခံယူသွားကြပြီပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာသတင်းဟာ ပရိသတ်တွေကြားမယုံနိုင် အံ့သြလောက်အောင် ဟိုးလေးတကျော်ဖြစ်ခဲ့ရပေမယ့် တစ်ယောက်ကိုတစ်ယောက် အချစ်ကြီးချစ်မိသွားကြတဲ့ ရွှေစုံတွဲလေးကတော့ ကြင်နာယုယမှုတွေနဲ့အတူ တူနှစ်ကိုယ်ဘ၀ခရီးလမ်းကို ရှေ့ဆက်လျှောက်လှမ်းတော့မှာပဲဖြစ်ပါတယ်။


ဒီကနေ့မှာတော့ ရွှေစုံတွဲလေးဟာ မှော်ဘီမြို့နယ်ရှိ အောင်ဇဗ္ဗူတောရ ဘုန်းတော်ကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူကို ပျော်ပျော်ရွှင်ရွှင်ကျင်းပပြုလုပ်လျက်ရှိပါတယ်။ နှစ်ယောက်သားလိုက်ဖက်ညီစွာ မင်္ဂလာယူနေကြတဲ့ ရွှေထူးနဲ့ရွှေမှုန်ကတော့ ပျော်ရွှင်စရာအမှတ်တရနေ့ရက်လေးကို ဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် အသစ်စက်စက်ဇနီးမောင်နှံလေး ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်....

နေပြည်တော်က ဟိုတယ်တစ်ခုမှာ စေ့စပ်လက်မှတ်ရေးထိုးခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်တို့နှစ်ယောက်ဟာဆိုရင် အောက်တိုဘာ (၁၁) ရက်နေ့ တနင်္ဂနွေညနေခင်းလေးမှာတော့ မင်္ဂလာညစာစားပွဲကို စည်ကားသိုက်မြိုက်စွာ ခမ်းခမ်းနားနားကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Source _ MC 7



Follow us on