1. Home
  2. Special or Others

စာအုပ်လို ခေါက်လို့ရတဲ့ စမတ်ဖုန်း Samsung မိတ်ဆက်လိုက်ပြီ (ရုပ်သံ)

Special or Others พ.ย. 09, 2561 view 1,542

စမတ်ဖုန်းလောကမှာ Apple ပြီးရင် ဒုတိယလိုက်နေတဲ့ Samsung ကုမ္ပဏီက ခေါက်လို့ရတဲ့ စမတ်ဖုန်းကို မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီလို ခေါက်နိုင်ဖြန့်နိုင်တဲ့ စမတ်ဖုန်း ထုတ်နိုင်ဖို့ Samsung က စမ်းသပ်မှုတွေ လုပ်နေတာ ကြာပြီလည်းဖြစ်ပါတယ်။

စမတ်ဖုန်းရဲ့ မျက်နှာပြင်ဟာ ကွေးနိုင်ဆန့်နိုင်တဲ့ နည်းပညာသုံးထားပြီး ဖြန့်လိုက်တဲ့အခါ တက်ဘလပ်မျက်နှာပြင်လို တညီတညာထဲ ပြန့်သွားပါတယ်။ နိုဝင်ဘာ ၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မိုဘိုင်းပညာရှင်များ ညီလာခံမှာ Samsung ရဲ့ ဈေးကွက်ထိုးဖောက်ရေး တာဝန်ခံ Justin Denison က မိတ်ဆက်ပြသခဲ့ပါတယ်။ စမတ်ဖုန်းဟာ ဖြန့်လိုက်တဲ့အခါမှတော့ မျက်နှာပြင်အကျယ် ၇.၃ လက္မ ရှိပါတယ်။

အပလီကေးရှင်း ၃ ခုကို တစ်ပြိုင်ထဲမှာ အသုံးပြုနိုင်တဲ့ထိ မြန်နှုန်းမြင့်ပါတယ်။ အန်းဒရိုက် အပလီကေးရှင်းတွေကို ထောက်ပံ့ပေးနေတဲ့ ဂူဂဲလ်က မိုဘိုင်းအပလီကေးရှင်းထုတ်လုပ်သူတွေကို အဆိုပါ ခေါက်ဖုန်းအတွက် အပလီကေရှင်းများ ရေးသားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Samsung ရဲ့ ခေါက်စမတ်ဖုန်းကိုတော့ လာမယ့်နှစ်မှာ သုံးစွဲသူတွေလက်ထဲကို အရောက်ပို့ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။



Follow us on