1. Home
  2. Special or Others

လေယာဉ်စီးခရီးသည်ရဲ့ ကလေးကို နို့ချိုတိုက်ပြီးကူညီခဲ့တဲ့ လေယာဉ်မယ်

Special or Others พ.ย. 09, 2561 view 1,565

ဖိလစ်ပိုင်လေယာဉ်မယ် တစ်ဦးက လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်အမျိုးသမီး၏ လသားအရွယ်ကလေးငယ်လေး အော်ဟစ်ငိုယိုနေခဲ့တဲ့အတွက် သူမကပဲ ကလေးကို နို့တိုက်ပြီး ကူညီခဲ့ပါတယ်။


စိတ်ထားဖြူစင်တဲ့ အသက် ၂၄ နှစ်အရွယ် Pastrisha Organo ဆိုသူ လေယာဉ်မယ်ဟာ လေယာဉ်ပျံသန်းပြီး သိပ်မကြာမီမှာ လေယာဉ်ပေါ်ပါ လသားအရွယ် ကလေးလေး မနားတမ်း ငိုယိုနေတာကြောင့် မိခင်ဖြစ်သူကို ချည်းကပ်စုံစမ်းခဲ့ရာ ကလေးအတွက် နို့မှုန့်မရှိတော့လို့ ကလေးက နို့ဆာပြီး ငိုနေတာ သိခဲ့ရပါတယ်။


အဲဒီနောက်မှာတော့ သူဟာ လေယာဉ်မယ်ထိုင်ခုံမှာ ထိုင်ပြီး ကလေးကို နို့တိုက်ကျွေးခဲ့ပါတယ်။ သူမကိုယ်တိုင်လည်း ၉ လသမီးလေးရဲ့ မိခင်ဖြစ်သူမို့ ဒီပြသနာဟာ ကလေးအတွက် ဘယ်လောက်ထိခိုက်နိုင်တယ်ဆိုတာသိပြီး လူမှုရေးစိတ်ဓါတ်အပြည့်နဲ့ ကူညီခဲ့တာဖြစ်ပါတယ်။


သူမဟာ နံနက် ၅ နာရီ ၁၀ မိနစ်ထွက်ခွာတဲ့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်နေစဉ် ကလေးငိုသံကြားခဲ့ရပြီး လေယာဉ်ပေါ်မှာလည်း ကလေးနဲ့သင့်တော်တဲ့ နို့မှုန့်မပါတာကြောင့် အခုလိုကူညီဖို့ ချက်ခြင်းဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

ကလေးမိခင်ဟာ လေယာဉ်ထပ်ဆင့်ပြောင်းစီးရတဲ့ ခရီးသည်ဖြစ်တာကြောင့် ပထမလေယာဉ်တစ်စင်းနဲ့ မနေ့ည ၉ နာရီထဲက လေဆိပ်ထဲရောက်နေခဲ့တာကြောင့် ကလေးအတွက် နို့မှုန့်လည်း ကုန်သွားခဲ့တာဖြစ်ပါတယ်။



Follow us on