1. Home
  2. Special or Others

ဝရံတာအစွန်ဖျားမှာ ကစားနေတဲ့ ကလေးလေး၊ အသက်ရှုရပ်မတတ်ပဲ (ရုပ်သံ)

Special or Others พ.ย. 09, 2561 view 1,595

အထပ်မြင့်နေအိမ်တိုက်ခန်း ၄ လွှာရဲ့ ဝရံတာ အစွန်အဖျားပေါ်တက်ပြီး အရုပ်နဲ့ ဆော့ကစားနေတဲ့ အသက် ၃ နှစ်ဝန်းကျင် ကလေးမလေးရဲ့ ရုပ်သံက ကြည့်မိတဲ့သူတိုင်း ခြေဖျားလက်ဖျား အေးစက်သွားစေလောက်အောင် ရင်တထိတ်ထိတ် ဖြစ်ခဲ့ရပါတယ်။

ချီလီနိုင်ငံရဲ့ မြို့တစ်မြို့ဖြစ်တဲ့ Valparaiso က တိုက်ခန်းတစ်ခုမှာဖြစ်ပါတယ်၊ ရုပ်သံမှတ်တမ်းတင်ခဲ့သူကတော့ အဆိုပါတိုက်ရဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ဆေးရုံမှာ သူ့ရဲ့သားကို ဆရာဝန်ပြဖို့ စောင်နေစဉ်မြင်တွေ့ခဲ့တာပါ။

ကလေးမလေးဟာ တစ်ချက်မှာတော့ ခြေထောက်ကို အောက်တွဲလောင်းချလိုက်အခိုက် အသက်ရှုမှားလောက်အောင် စိုးရိမ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူထွက်လာတဲ့ မှန်ပြတင်းပေါက်ကို ဖွင့်ပြီး ပြန်ဝင်သွားခဲ့တာကို နောက်ဆုံးမှာတွေခဲ့ရပါတယ်။


ကလေးမလေးဟာ ဘာအကာအရမှ မရှိပဲ ပေ ၄၀ အမြင့်လောက်နေရာရှိ ဝရံတာမှာ ကြောက်ရကောင်းမှန်းမသိ တစ်ဦးတည်း ထိုင်ကစားနေခဲ့တာဖြစ်ပါတယ်။



Follow us on