1. Home
  2. Movie Stars - Celebrity

ချစ်သူဖိနပ်မှာကြိုးလေးတစ်မျှင်ကပ်နေတာ ဖယ်ရှားပေးတဲ့ရွှေထူး

Movie Stars - Celebrity พ.ย. 12, 2561 view 1,671

ပရိတ်သတ်အချစ်တော်တော် ရွှေစုံတွဲဟာဆိုရင် နိုဝင်ဘာလ ၈ရက်နေ့မှာလက်ထက် ထိမ်းမြားခဲ့ကြပါတယ်။ ထိုပွဲမှာ အနုပညာအသိုင်းအဝိုင်းမှ သရုပ်ဆောင်၊အဆိုတော် များ အများအပြားတက်ရောက်ခဲ့ကြပြီး လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာကို ချီးမြှောက် ခဲ့ကြပါတယ်။

အနုပညာရှင်များက သူတို့ရဲ့ ဖေ့ဘွတ်ခ်အကောင့်ကနေ live video များလွှင့်ပြီးတင်ခဲ့ပါတယ်။ ထိုပွဲမှာ ရွှေစုံတွဲနဲ့ ရင်းနှီးတဲ့ အနုပညာအသိုင်းအဝိုင်းက ဓာတ်ပုံဆရာများလဲ တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံဆရာတစ်ယောက်က သူ့ရဲ့ instagram အကောင့်မှာ ရွှေထူးကရွှေမှုန်ရတီ ကိုချစ်တဲ့အချစ်ကိုစာဖွဲ့ပြီးတင်ခဲ့ပါတယ်။  သူလဲရိုက်မိရာရာ ဓာတ်ပုံများရိုက်ရင်း ရွှေစုံတွဲ သီချင်းဆိုရင်းတွဲကတဲ့ အချိန်မှာ ခြေထောက်တွေကို focus ထားပြီးရိုက်မိတော့ ရွှေထူးက ချစ်သူရွှေမှုန်ရတီခြေထောက်မှာကပ်နေတဲ့ ကြိုးလေးတစ်ချောင်းကို ကြိုးစားပန်းစားဖယ်ပေးနေတာပဲဖြစ်ပါတယ်။ ချစ်ရသူအတွက် အနှောင့်အယှက်ဖြစ်စေမယ်ဆိုရင် ကြိုးတစ်ချောင်းဆိုတဲ့ အသေးအမွှားကအစ လိုက်လံဖယ်ရှားပေးတဲ့ရွှေထူးရဲ့ အချစ်ကိုတော့ စာဖွဲ့လို့မှီမယ်တောင်မထင်ပါဘူး။

ထပ်မံပြီး ရွှေစုံတွဲပွဲကိုတက်ရောက်ခဲ့ကြတဲ့အနုပညာရှင်များက သူတို့ နှစ်ဦးဟာ ဝေဖန်မှုတွေကြားထဲက အချစ်အတွက်တိုက်ပွဲဝင်ကြသူများဖြစ်ကြကြောင်း၊ တစ်ယောက် နဲ့တစ်ယောက်ချစ်မြတ်နိုးတဲ့အကြည့်တွေနဲ့ကြည့်နေကြတာ ဆိုရင် ဘေးကမြင်ရတဲ့လူတွေတောင်ကြည်နူးမိကြောင်း၊ မင်္ဂလာလက်ထပ်ပွဲကို ဂုဏ်ပြုကြောင်း အစရှိသဖြင့်သူတို့ ရဲ့ လူမှုကွန်ယက်စာမျက်နှာများမှာ ပို့စ်တင်ခဲ့ကြပါတယ်။



Follow us on