1. Home
  2. Special or Others

အိမ်သာတက်ရင်း စပါးကြီးမြွေကိုက်ခံရကာ ငယ်ပါကို ၁၅ ချက် ချုပ်ရ(ရုပ်သံ)

Special or Others พ.ย. 12, 2561 view 1,959

ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးဟာ အိမ်သာတက်နေစဉ် အိမ်သာကျင်းထဲမှာ တက်လာသော စပါးကြီးမြွေတစ်ကောင်က အောက်ကနေ သူ့ရဲ့ ငယ်ပါ(လိင်အင်္ဂါ) ကို လှမ်းကိုက်ခဲ့တာကြောင့် မြွေနဲ့ နပမ်းလုံး ရုန်းထွက်ခဲ့ရပြီး ဒဏ်ရာကိုတော့ ၁၅ ချက် ချုပ်ခဲ့ရပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရုံးခန်းတစ်ခုရဲ့ အိမ်သာထဲမှာ နိုဝင်ဘာလ ၈ ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ အသက် ၄၅ နှစ်အရွယ် Terdsak Kaewpangpan ဆိုသူ

ရုံးဝန်ထမ်းအမျိုးသားဟာ အိမ်သာတက်ရန် အိမ်သာ ကြွေခွက်မှာ ထိုင်လိုက်ပြီး မကြာမီမှာပဲ စပါးကြီးမြွေက အောက်ကနေ ငယ်ပါကို ခဲထားပြီး ရစ်ပတ်ခဲ့ပါတယ်။ ကြောက်လန့်တကြားအော်သံကြောင့် အခြားလုပ်ဖော်ကိုင်ဖက် တစ်ဦးက ရောက်လာစဉ်မှာ သူကမြွေကြီးနဲ့ ရစ်ပတ်လုံးထွေးနေပြီး မြွေရဲ့ ပါးစပ်ကို သူ့ရဲ့လက်နှစ်ဖက်နဲ့ စွဲဖြဲကာ ငယ်ပါလွတ်အောင် ကြိုးစားနေတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ကျွန်တော် ကိစ္စပြီးလို့ အိမ်သာကနေ မတ်တပ်ထရပ်လိုက်ချိန်မှာ ငယ်ပါကို ကိုက်သလိုခံစားလိုက်ရတာကြောင့် ငုံ့ကြည့်လိုကတော့ မြွေကြီးဖြစ်နေတယ်။ ချက်ချင်း မတ်တပ်ရပ်ပြီး မြွေပါးစပ်ကိုဖြဲပြီး အတင်းရုန်းထွက်ခဲ့ရတယ်” လို့ မြွေကိုက်ခံခဲ့ရသူ Terdsak က ဆိုပါတယ်။

အဲဒီနောက် သွေးတွေနဲ့အတူ လွတ်မြောက်ခဲ့တဲ့အချိန်မှာ မြွေကြီးက အိမ်သားအိုထဲ ပြန်လျောဝင်ကာ ခွေနေခဲ့ပါတယ်။ မြွေးကိုက်ခံရသူကို ဆေးခန်းပို့ခဲ့ပြီး ဒဏ်ရာကို ၁၅ ချက်ချုပ်ခဲ့ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့ပြီး လာရောက်ရှင်းလင်းချိန်မှာတော့ စပါးကြီးမြွေကြီးဟာ ၁၀ ပေလောက်ရှိတာကို ရုပ်သံမှာ မြင်တွေ့ခဲ့ရပါတယ်။



Follow us on