1. Home
  2. Movie Stars - Celebrity

မူလတန်းတုန်းကကျောင်းမှာအနိုင်ကျင့်ခံခဲ့ရတဲ့ ကင်မ်ဆယ်ရွန်

Movie Stars - Celebrity พ.ย. 12, 2561 view 1,428

အသက် ၉ နှစ်အရွယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် ရပ်တည်ခဲ့တဲ့ သရုပ်ဆောင် ကင်မ်ဆယ်ရွန်းလေးဟာဆိုရင် အသက် ၁၈ နှစ်ပြည့် သွားပြီပဲဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်အလုပ်ကို ၂၀၀၉ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး မင်းသားဝန်ဘင်းနှင့်အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ The Man from Nowhere ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆု ကိုသိမ်းပိုက်ရရှိခဲ့ပါတယ်။

ထိုဇာတ်ကားရဲ့ အောင်မြင်မှုက ကြီးမားလွန်းလို့ သူမဟာကျောင်းမှာအနိုင်ကျင့်ခံခဲ့ရပါတယ်။ the man from Nowhere မှာပါဝင်သရုပ်ဆောင်စဉ်အခါက ကင်မ်ဆယ်ရွန်းလေးက မူလတန်းအရွယ်ပဲရှိပါ သေးတယ်။ ဇာတ်လမ်းအရလဲ သူမဟာပြန်ပေးဆွဲခံရတဲ့ မူလတန်းကျောင်းသူနေရာက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

သူမဟာ အလယ်တန်းနဲ့အထက်တန်းမှာထက်မူလတန်းတုန်းက ပိုပြီးအနိုင်ကျင့်ခံခဲ့ရ တာပါ။ ကျောင်းနဲ့ အိမ် အပြန်လမ်းမှာရှိတဲ့ကစားကွင်းမှာဆိုရင်သူမကို ခြိမ်းခြောက်ဆဲဆိုထားတဲ့စာတွေ အများကြီးရေးထားကြပါတယ်။ သူမ မွေးနေ့ပွဲလုပ်ရင်လဲ တစ်ယောက်မှမလာကြပါဘူး။

The Man from Nowhere ဇာတ်ကားမတိုင်ခင်အထိ သူမဟာ သူမအရွယ်ကလေးများ မကြည့်ရဲလောက်တဲ့ဇာတ်ကားမျိုးကိုလက်ခံရိုက်ကူးခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ သူမနာမည်ကြီးလာတဲ့အခါမှာ အတန်းထဲမှာရှိတဲ့သူငယ်ချင်းတွေကသူမကို ပစ်ပယ်လာကြပါတယ်။ သူမက သူတို့နဲ့ မတူဘူး သူကနာမည်ကြီး သရုပ်ဆောင်ဖြစ်သွား ပြီဆိုပြီးသူမကို ပစ်ပယ်ခဲ့ကြပါတယ်။ သူမကျောင်းဆင်းတဲ့အချိန်တိုင်းမှာလဲ သူမဖိနပ်တွေကို ဖျောက်ပစ်ခဲ့ကြပါတယ်။ ကျောင်းတက်တုန်းကဆိုရင် သူမဟာအိမ်ကိုနေ့တိုင်း ဖိနပ်မပါခြေဗလာနဲ့ ပြန်ခဲ့ရပါတယ်။

ဆယ်ရွန်းဟာ ဒီအကြောင်းအရာများကို တီဗွီအစီအစဉ်တစ်ခုဖြစ်တဲ့ Knowing brothers မှာပြောပြခဲ့တာပါ။

ယခုလက်ရှိမှာတော့ ဆယ်ရွန်းဟာ တောင်ကိုးရီးယားနိုင်ငံ၊ ချောင်းအန်းတက္ကသိုလ်မှာ သရုပ်ဆောင်မေဂျာနဲ့ တက္ကသိုလ်တက်ခွင့်ရရှိတော့မှာဖြစ်ပါတယ်။



Follow us on