1. Home
  2. Special or Others

မြွေနဲ့ကျီစယ်ကစားသူ မျက်နှာကို မြွေကိုက်ခံရ (ရုပ်သံ)

Special or Others พ.ย. 12, 2561 view 1,695

အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသားတစ်ဦးဟာ ဖမ်းမိထားတဲ့ မြွေတစ်ကောင်ကို ကစားစရာလို သဘောထားပြီး သူများတွေကို လိုက်လံခြောက်လှန့်ကျီစယ်ရာမှ သူ့ရဲ့ မျက်နှာကို မြွေကိုက်ခံခဲ့ရပါတယ်။

ရုပ်သံအရ တီရှပ်အပြာရောင် ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးဟာ မြွေရဲ့ ဦးခေါင်းကို လက်နဲ့ ဖြစ်ညှစ်ထားပြီး အခြားသူတွေကို ကြောက်အောင် နောက်ပြောင်ခဲ့ပါတယ်။ သူ့ရဲ့လက်ထဲမှာ မြွေက ဒေါသဖြစ်ပြီး အတင်းရုန်းနေတာကို မြင်ရမှာပါ။

တစ်ကြိမ်မှာတော့ သူထိုင်ချလိုက်ပြီး မြွေကိုနမ်းမည်ပြုစဉ် မြွေက အားကုန်ရုန်းပြီး သူ့ရဲ့မျက်နှာကို ကိုက်ခဲထားပါတယ်၊ လုံးဝမလွှတ်ပဲ ကိုက်ထားတာကြောင့် အခြားသူတွေက ဝိုင်းပြီး ကူညီကာမြွေကို ဖယ်ရန် ကြိုးစားပေမယ့် ရုပ်သံဆုံးသည်ထိ မြွေက ကိုက်ခဲထားတာကို မြင်တွေ့ခဲ့ရပါတယ်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ မြွေကိုက်မှုကြောင့် နှစ်စဉ်သေဆုံးရသူ ၈၁,၀၀၀ နဲ့ ၁၃၈,၀၀၀ ကြားမှာရှိတယ်လို့ ဖော်ပြထားပါတယ်။



Follow us on