1. Home
  2. Movie Stars - Celebrity

Song-song couple လို ရိုကြတဲ့ရွှေစုံတွဲ

Movie Stars - Celebrity พ.ย. 12, 2561 view 1,840

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ အင်းယားလိပ်ဟော်တယ်မှာကျင်းပ ပြုလုပ်ခဲ့တဲ့ရွှေစုံတွဲရဲ့ ပွဲကို အနုပညာအသိုင်းအဝိုင်းမှနာမည်ကြီးများစွာတက်ရောက် ချီးမြှင့်ခဲ့ကြပါတယ်။ လူငယ်ဆန်ဆန် မင်္ဂလာညစာစားပွဲလေးဟာ စိတ်ဝင်စားဖွယ်အတိနဲ့ မင်္ဂလာသတို့သမီးဖြစ်တဲ့ရွှေမှုန်လေးဟာလဲ နတ်သမီးတစ်ပါးလို တောက်ပလို့နေပါတယ်။

သတို့သမီး ဝင်အလာကိုစောင့်နေတဲ့ သတို့သားနဲ့ အရံများဟာလဲ ခန်းမအတွင်းမှာ တင့်တယ်ခန့်ငြားလို့နေပါတယ်။ ချစ်စဖွယ် မင်္ဂလာသတို့သမီး နဲ့ အရံများခန်းမထဲကို ဝင်လာတဲ့အခါမှာတော့ အရမ်းကို လှပလွန်းလို့ အားလုံးပဲအံ့သြမှင်တက်နေကြပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

Happy bride #bride #beautiful #burmesefamousactress #ShweMhoneYati

A post shared by Shwe Hmone Forever (@shwehmoneforever) on

သတို့သမီးဝင်လာတဲ့နေရာမှာ နာမည်ကြီး Song-Song Couple ပါဝင်သရုပ်ဆောင်ထားတဲ့ Descendants of the Sun ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်တေးသီချင်းဖြစ်တဲ့ Gummy ရဲ့ You’re my everything သီချင်းကို ရိုမန်တစ်ဆန်ဆန်ဖွင့်ခဲ့တာပါ။ သီချင်းလေးနဲ့ ပြင်ဆင်ထားတဲ့ အပြင်အဆင်လေးတွေကို အရမ်းကိုလှပပြီး လိုက်ဖက်လွန်းတာကြောင့် ရွှေပွဲလာပရိတ်သတ်ကြီးတောင် အံ့အားသင့်ကုန်ရပါတယ်။ ရွှေစုံတွဲရဲ့ မင်္ဂလာပွဲမှာ သတို့သမီးဝင် လာတဲ့ အခန်းဟာ အရမ်းကိုအသက်ဝင်လှတာကြောင့် သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ကတောင် သူ့ရဲ့ instagram story မှာတင်ခဲ့ပါတယ်။

ကိုးရီးယားမှာ Song-Song Couple ရှိရင် မြန်မာ မှာလဲ ရွှေရွှေ စုံတွဲရှိပါသေးတယ်။ ရွှေနှစ်ရွှေပေါင်းစပ်ရင်မြတ်တယ် ဆိုတဲ့အတိုင်း လုပ်ပြသွားတာတွေကလဲအံ့အားသင့် ဖွယ်ချည်းပါပဲ။ မြန်မာပြည်ရဲ့ Song-Song Couple လို့ပြောကြတာမဆန်းပါဘူး။



Follow us on