1. Home
  2. Special or Others

ချစ်သူရဲ့ အချစ်ကြမ်းမှုကြောင့် အညွန့်ကျိုးခဲ့ရတဲ့ အငြိမ်းစားပုဂ္ဂိုလ်ကြီး

Special or Others พ.ย. 12, 2561 view 1,903

ထိုင်ဝမ်နိုင်ငံမှ အသက် ၆၂ နှစ်အရွယ် အငြိမ်းစား အမျိုးသားကြီးတစ်ဦးဟာ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ မိုတယ်တစ်ခုမှာ ချိန်းတွေ့ပြီး ချစ်ရည်လူးကြစဉ် မိန်းကလေးရဲ့ အချစ်ကြမ်းမှုကြောင့် ခရမ်းသီး နှစ်ပိုင်းကျိုးကာ သူ့ရဲ့ယောက်ျားဘဝ ဆုံးရတော့မလိုဖြစ်ခဲ့ပါတယ်။

“လွီ” လို့ နာမည်တစ်လုံးသာ ဖော်ပြထားတဲ့ အမျိုးသားကြီးဟာ ချစ်သူကောင်မလေးနဲ့ လိင်ဆက်ဆံစဉ် သစ်ကိုင်းကျိုးသံလို ပီပီပြင်ပြင်ကြီး ကြားလိုက်ရပြီးတဲ့နောက် ပြင်းထန်တဲ့ နာကျင်မှုဝေဒနာနဲ့အတူ သူ့ရဲ့ လိင်အင်္ဂါ ကျိုးသွားပြီဆိုတာ သိလိုက်ရပါတယ်။ ကောင်မလေးက သူ့ကို အနီးနားရှိ ‘ဖန်ယူနန်’ ဆေးရုံကို အရေးပေါ်တင်ပို့ပေးခဲ့ပါတယ်။

အဆိုပါဆေးရုံမှ ဆီးလမ်းကြောင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ဖြစ်သူ Kuo Chia-cheng က အမျိုးသားကြီးရဲ့ ဖြစ်စဉ်ကို ပူဖေါင်းတစ်လုံးနဲ့ ဥပမာပြခဲ့ပါတယ်။ အမျိုးသားကြီးရဲ့ ခရမ်းသီးအရွယ်အစားလောက်ရှိတဲ့ လိင်အင်္ဂါဟာ သုံးပိုင်းကျိုးသွားခဲ့ပြီး ဆက်ဆိုဖုန်း(နှုတ်သီးကောက် လေမှုတ်တူရိယာ) တစ်လုံးလို လိမ်ကောက်သွားတယ်လို့ ပြသခဲ့ပါတယ်။

လက်ရှိအခြေနေမှာတော့ နှစ်ဆစ်ကျိုးခဲ့တာကြောင့် ဖူးရောင်ကိုင်းနေတယ်လို့လည်း ဆရာဝန်က ပြောပါတယ်။ ဆရာဝန်နဲ့ အဖွဲ့သားတွေက အမျိုးသားကြီးကို ခွဲစိတ်ပေးပြီး နဂိုအတိုင်း ပြန်ဖြစ်အောင် ပြုပြင်ပေးမယ်လို့ဆိုပါတယ်။ ကံကောင်းတာကတော့ ခွဲစိတ်ပြီးသွားရင် အရင်လိုပဲ ယောက်ျားဘဝကို ပြန်လည်ပိုင်ဆိုင်နိုင်မယ်လို့ဆိုပါတယ်။

အမျိုးသားတွေအနေနဲ့ ဒီလိုအဖြစ်ဆိုးမျိုး မထင်မှတ်ပဲ ကြုံလာခဲ့ရင် ဆေးကုသမှုမခံယူနိုင်သေးခင် ရေခဲကပ်ထားသင့်ကြောင့်လည်း အကြံပေးခဲ့ပါတယ်။ အခုလို ဖြစ်ရတဲ့အကြောင်းရင်း အသေးစိတ်ကိုတော့ ပြောပြခဲ့ခြင်း မရှိပါ။



Follow us on