1. Home
  2. Movie Stars - Celebrity

ရုပ်သံဇာတ်လမ်းတွဲအသစ်နဲ့ ပြန်လာမယ့် ဂျွန်ဂျီဟွန်း

Movie Stars - Celebrity พ.ย. 12, 2561 view 1,650

ပြီးခဲ့တဲ့ ၂၀၁၆ Legend of the blue sea ဇာတ်လမ်းတွဲတို့်ပြီး ကတည်းက နောက်ထပ်ဇာတ်လမ်းတွဲမထွက်သေးပဲ ဒီနှစ်ထဲမှာသူမတစ်ယောက်ခြေ ငြိမ်နေခဲ့တာပါ။ သူကတော့ တခြားသူမဟုတ်ပါဘူး အချေရုပ်နဲ့ ပေါတောတော ဗရုတ်ဇာတ်ရုပ်တွေကို သဏ္ဍန်လုပ်သရုပ်ဆောင်တတ်တဲ့ မင်းသမီး ဂျွန်ဂျီဟွန်းပါပဲ။  ကလေးနှစ်ယောက်အမေဖြစ်တဲ့သူမဟာ ကလေးအမေလို့ မထင်ရအောင် အပျိုစင် တစ်ယောက်လိုလှပနေဆဲပါပဲ။

အောက်တိုဘာလ ၂ ရက်နှေ့မှာ ဂျွန်ဂျီဟွန်းဟာ ဇာတ်ညွှန်းရေးဆရာမ ဟုန်းဂျောင်အွန်း နဲ့ ဟုန်းမီရန်း တို့ရေးသားတဲ့ ဒရာမာဇာတ်လမ်းတွဲအသစ်မှာပါဝင်သရုပ်ဆောင် ဖို့ရှိတယ်လို့ အေဂျင်စီမှသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဇာတ်လမ်းတွဲနာမည်ကိုတော့ သေချာမရွေးရသေးပေမဲ့ လာမယ့် ၂၀၁၉ နှစ်လည်ပိုင်းမှာ tvN ရုပ်သံလိုင်းကနေ ရိုက်ကူးထုတ်လွှင့်သွားမယ် လို့သိရပါတယ်။ သူမရဲ့ အေဂျင်စီဖြစ်တဲ့ Culture Depot ကလဲ Hong Sisters လို့နာမည်ကြီးတဲ့ ဟုန်းဂျောင်အွန်းနဲ့ ဟုန်းမီရန်းတို့ ရေးသားတဲ့ ဇာတ်လမ်းတွဲ အသစ်မှာပါဝင် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်းခံရတာဖြစ်တယ် လို့ ဖော်ပြထားပါတယ်။ သူမကို လက်ရှိမှာတော့ တခြားဇာတ်လမ်းတွဲတွေရော ရုပ်ရှင်ဇာတ်ကားတွေပါ ရိုက်ဖို့ ကမ်းလှမ်းခြင်းကိုခံထားရပေမဲ့ သူမအနေနဲ့ မည်သည့် ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ရမလဲဆိုတာ ရွေးချယ်နေဆဲဖြစ်ပါတယ်။ ၂၀၁၆ ပြီးကတည်းက ဇာတ်ကားများသိပ်မရိုက်ဖြစ်တာမို့ သူမက သူမပရိတ်သတ်အတွက် လာရောက်ကမ်းလှမ်းထားတဲ့ ဇာတ်ကားများကို သေချာစီစစ်ရွေးချယ်နေပါတယ်။

ဂျွန်ဂျီဟွန်း Legend of the blue sea ဇာတ်လမ်းတွဲမရိုက်မီ ကလေးမွေးခဲ့တာကြောင့် ထိုဇာတ်လမ်းတွဲရိုက်တုန်းက သွေးနုသားနုအချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ရေသူမ ဇာတ်ရုပ်ကို ခက်ခက်ခဲခဲ ပီပြင်အောင်သရုပ်ဆောင်ခဲ့ပါတယ်။ ထိုဇာတ်လမ်းတွဲပြီးတဲ့အခါမှာတော့ မင်းသမီးဟာ သားငယ်ကို ပြန်လည်ပြုစုဖို့အချိန် ပေးနေရတဲ့အတွက် ဇာတ်ကားများမရိုက်ကူးနိုင်ခဲ့ပါဘူး။

သူမတစ်ယောက် ဇာတ်လမ်းတွဲတွေမှာပျောက်သွားတာ ၂ နှစ်တိတိရှိပြီလို့ဆိုရမှာပါပဲ။ သူမပါဝင်တဲ့ ဇာတ်ကားတိုင်းကလဲအောင်မြင်တာကြောင့် အခုရိုက်မယ့်ဇာတ်လမ်းတွဲကလဲ ဘယ်လိုဇာတ်အိမ်မျိုးဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။



Follow us on