1. Home
  2. Special or Others

အမျိုးသမီးတစ်ဦး အရှင်လတ်လတ် မြေကျွံခံရ (ရုပ်သံ)

Special or Others พ.ย. 13, 2561 view 1,830

နိုဝင်ဘာလ ၁၁ ရက်နေ့က တရုပ်နိုင်ငံ  လန်ကျိုးမြို့မှာရှိတဲ့ လူသွားလမ်းစင်္ကြန် ပလက်ဖောင်းတစ်ခု ရုတ်တရက် ကျွံကျခဲ့တာကြောင့် အမျိုးသမီးတစ်ဦး အနည်းဆုံး ပြင်ထန်စွာ ထိခိုက်ဒဏ်ရာ ရနိုင်ကြောင်း စီစီတီဗီရုပ်သံအရ သိရှိရသည်။

ရုပ်သံအရ ဘတ်စ်ကားမှတ်တိုင် အနီးဟု ယူဆရတဲ့ ပလက်ဖောင်းပေါ်တွင် လူအများဘတ်စ်ကားစောင့်နေခဲ့ပြီး ဖြတ်သန်းသွားလာသူအချို့ ရှိနေခဲ့သည်။ ကင်မရာနဲ့ မျက်နှာချင်းဆိုင်မှ အမျိုးသမီးတစ်ဦး ဖြတ်လျှောက်ခဲ့ပြီး ကင်မရာ ကျောပေးထားသော ဆန့်ကျင်ဘက်အရပ်မှလည်း အနက်ရောင် ကုတ်အင်္ကျီရှည်ဝတ်ဆင်ထားသော အမျိုးသမီးက ဖြတ်လျှောက်လာပါတယ်။

ထိုအချိန်မှာ ရုတ်တရက် ပလက်ဖောင်းများ အချပ်လိုက်ကျွံကျခဲ့ပြီး ကုတ်အင်္ကျီရှည်ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦးတည်း မြေမျိုခံခဲ့ရပါတယ်။ မြေကြီးထဲသို့ ကျွံမကျမီ သူမရဲ့ ဦးခေါင်းနဲ့ ပလက်ဖောင်း လမ်းခင်းတုံးတို့ ပြင်းထန်စွာ ရိုက်မိပြီး အောက်သို့ ပြုတ်ကျခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။



Follow us on