1. Home
  2. Special or Others

မွေးကင်းစကလေးတစ်ဦး မိခင်က နို့တိုက်နေစဉ် မျောက်ကုတ်ခံခဲ့ရပြီး သေဆုံး

Special or Others พ.ย. 14, 2561 view 1,765

၁၂ ရက်သားသာ ရှိသေးတဲ့ မွေးကင်းစ ကလေးငယ်လေးတစ်ဦးကို မိခင်ဖြစ်သူက သူမရဲ့ ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားရင်း အိမ်ထဲမှာ နို့ချိုတိုက်နေစဉ် ရုတ်တရက် မျောက်တစ်ကောင် ခုန်ဝင်လာကာ ကလေးကို ဆွဲယူသွားခဲ့ပြီး ကုတ်ခြစ်တိုက်ခိုက်ခဲ့သဖြင့် ကလေး သေဆုံးသွားခဲ့သည်။


နိုဝင်ဘာလ ၁၂ ရက် (တနင်္လာနေ့) က အိန္ဒိယနိုင်ငံ အဂရာပြည်နယ်တွင် ဖြစ်ပွားခဲ့သည်။ ကလေးငယ်၏ ဖခင်ဖြစ်သူ ဆိုက္ကားဆရာက မျောက်နောက်သို့ လိုက်ခဲ့ရာ အနီးနားရှိ အိမ်ခေါင်မိုးပေါ်တွင် ကလေးကို ထားရစ်ခဲ့ပြီး ထွက်ပြေးသွားခဲ့သည်။ ကလေးကို ပြန်ရချိန်မှာ အချိန်နှောင်းခဲ့ပြီး ကုတ်ခြတ်ဒဏ်ရာများနဲ့ သေဆုံးသွားခဲ့သည်။

“အိမ်တံခါးမကြီးက ဖွင့်ထားတယ်၊ မိန်းမက သားလေးကို နို့တိုက်နေတာပါ အဲဒီအချိန်မှာ ရုတ်တရက်မျောက်တစ်ကောင် ဝင်လာပြီး ကလေးရဲ့ လည်ပင်းကနေကုပ်ချီပြီး ထွက်ပြေးသွားတယ်” ဟု ဖခင်ဖြစ်သူ Yogesh က အိန္ဒိယသတင်းစာကို ဖြေကြားခဲ့ပါတယ်။

“မိန်းမက နားမလည်နိုင်ပဲ ကြောင်နေချိန်မှာ မျောက်က ကလေးကိုချီပြီး ပြေးသွားပြီ၊ ကျွန်တော် နောက်ကလိုက်တော့ အနီးနားက အိမ်ခေါင်မိုးပေါ်မှာ ကလေးကို ချထားခဲ့ပြီး ထွက်ပြေးသွားတယ်၊ ကလေးကို ပြန်ရတဲ့အချိန်မှာ ကလေးက သွေးမခုန်တော့ဘူး” လို့ ဆိုပါတယ်။

သူတို့ဟာ ကလေးကို အနီးဆုံးဆေးရုံသို့ ပို့ခဲ့ကြပေမယ့် ဆေးရုံက စမ်းသပ်ပြီးနောက် ကလေး သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ သူတို့လင်မယားဟာ အိမ်ထောင်သက် ၂ နှစ်ကြာပြီဖြစ်ပြီး ဒီကလေးလေးကလည်း သူတို့အတွက် တစ်ဦးတည်းသော သားလေးဖြစ်ပါတယ်။


ဒေသခံတစ်ဦးကလည်း အဆိုပါဖြစ်စဉ်မဖြစ်မီ ၁၅ မိနစ်လောက်တုန်းကလည်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး မျောက်ကုတ်ခံခဲ့ရကြောင်း သတင်းပေးခဲ့ပါတယ်။

လွန်တဲ့ ၂ လလောက်ကလည်း နို့စို့ကလေးတစ်ဦး မျောက်ကုတ်ခံခဲ့ရပြီး ကလေးက အသက်ရှင်ခဲ့ပေမယ့် ဆေးရုံပေါ်မှာ ကုသနေရဆဲဖြစ်တယ်လို့ ဒေသခံရဲတွေက ပြောဆိုခဲ့ပါတယ်။



Follow us on