1. Home
  2. Special or Others

အကြိမ် ၄ ထောင်ကျော် မနားတမ်း ဒိုက်ထိုးနိုင်တဲ့ အသက် ၅ နှစ်ကလေးကို ကမ္ဘာ့စံချိန် အသိမှတ်မပြု

Special or Others พ.ย. 14, 2561 view 2,143

ရုရှားနိုင်ငံ ချီချန်းဒေသမှ အသက် ၅ နှစ်အရွယ် Rahim Kurayev ဆိုသူ ကလေးငယ်ဟာ မရပ်မနားတမ်း အကြိမ် ၄၁၀၅ ကြိမ် ဒိုက်ထိုးနိုင်ခဲ့ပေမယ့် တရားဝင်အသိမှတ်ပြုခြင်းမခံရပဲ နောက်တစ်ကြိမ် ပြန်လည်ပြုလုပ်ပြရန် ရုရှားမှတ်တမ်းတင်စာအုပ် အဖွဲ့ကြီးက ပြောကြားခဲ့ပါတယ်။


Rahim ဟာ အကြိမ်ပေါင်း ၄၁၀၅ ကြိမ် ဒိုက်ထိုးနိုင်ဖို့ ၂ နာရီနဲ့ ၂၅ မိနစ်ကြာ မနားတမ်း ကြိုးစားခဲ့ရတာဖြစ်တယ်လို့ ချီချန်းနယ်မြေ ခေါင်းဆောင် Ramzan Kadyrov က ပြောကြားခဲ့ပါတယ်။ တရားဝင်အသိမှတ်ပြုခံရဖို့ဆိုရင်တော့ နောက်တစ်ပတ်အကြာမှာ Rahim အနေနဲ့ ပြန်လည် လုပ်ပြဖို့လိုကြောင်း ရုရှားမှတ်တမ်းတင်စာအုပ် အဖွဲ့ကတောင်းဆိုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အားကစားဝန်ကြီးဌါနအနေနဲ့ Rahim ကို အတော်လေး ချီးကျူးလေးစားကြကြောင်း ပြောဆိုပါတယ်။


Rahim ဒိုက်ထိုးနေတဲ့ ရုပ်သံ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး၊ သူဟာ ဖုန်းကနေ တီဗီအစီစဉ်ကို ကြည့်ရှုရင်း ဒိုက်ထိုးနေခဲ့တာပါ။ စုစုပေါင်း အကြိမ်ရေ ၄၁၀၅ ကြိမ် ရခဲ့ပြီး ၂ နာရီနဲ့ ၂၅ မိနစ်ကြာမြင့်ခဲ့ပါတယ်။ ရုရှားမှတ်တမ်းတင်စာအုပ်မှာ အသိမှတ်ပြုမခံခဲ့ရပေမယ့် ဒီရုပ်သံကြောင့် သူ့လိုအရွယ်ကလေးတွေ အနေနဲ့လည်း အားကစားလုပ်နိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိသွားတဲ့အတွက် အကျိုးရှိခဲ့တယ်လို့ Ramzan က ဆိုပါတယ်။


ကမ္ဘာ့ဂင်းနစ်စံချိန်စာအုပ်မှာ အကြိမ်ရေအများဆုံး ဒိုက်ထိုးနိုင်ခဲ့သူအဖြစ် သြစတြေးလျား မှ Jarrad Young က ၂၈၀၆ ကြိမ်နဲ့ ယခုနှစ် သြဂုတ်လမှာ စံချိန်တင်ထားပါတယ်။ Rahim အနေနဲ့ အကြိမ်ရေ ၄၁၀၅ ကြိမ် ထိုးနိုင်ခဲ့ပေမယ့် ဂင်းနစ်စံချိန်မှာ Rahim လို ငယ်ရွယ်သူတွေကို ကိုယ်စားမပြုနိုင်တာကြောင့် အသိမှတ်ပြုခြင်း မခံခဲ့ရဘူးလို့ ဆိုပါတယ်။


ဒါပေမယ့် Rahim ကတော့ သူ့နိုင်ငံမှာ ကျော်ကြားသူတစ်ယောက်ဖြစ်ခဲ့ပြီး သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ အားကစားလေးကျင့်တဲ့ ဗီဒီယိုတွေကို ဝင်ရောက်ကြည့်ရှုသူများပြားနေပါတယ်။





Follow us on