1. Home
  2. Special or Others

ပလက်ဖောင်းပေါ်ဖုံးထိုင်ပြောနေသူ ကားတိုက်ခံရ (ရုပ်သံ)

Special or Others พ.ย. 15, 2561 view 1,706

စည်းကမ်းမဲ့သူနဲ့ ခြင်ဆင်ဉာဏ်နဲသူ နှစ်ယောက် တစ်ချိန်ထဲမှာ ဆုံမိတဲ့အခါ မတော်တဆမှု တစ်ခုခုက ကျိန်းသေဖြစ်လာတတ်ပါတယ်။ တရုပ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ စည်းမဲ့ကမ်းမဲ့ ပလက်ဖောင်းပေါ် တက်ရပ်ထားတဲ့ ကားရှေ့မှာ ဆင်ခြင်ဉာဏ်ကင်းမဲ့စွာနဲ့ စိမ်ပြေနပြေ ဖုန်းထိုင်ပြောနေစဉ် ကားနဲ့တိုက်ခံရတဲ့ ဖြစ်စဉ်တစ်ခု နိုဝင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့က တရုပ်နိုင်ငံ ဟန်ကျိုးမှာ ဖြစ်ပွားခဲ့ပါတယ်။

စီစီတီဗီရုပ်သံအရ အမျိုးသမီးတစ်ဦးဟာ လူသွားလမ်း ပလက်ဖောင်းပေါ် ကျကျနန ပါကင်ထိုးထားတဲ့ SUV ကားအနီရောင်ရဲ့ ရှေ့တည့်တည့်မှာ ဆောင်ကြောင့်ထိုင်ရင်း ဖုန်းပြောနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ယာဉ်မောင်းသူ ရောက်လာပြီး ကားတံခါးဆွဲဖွင့်ကာ ရှေ့နောက်မကြည့် တစ်ခါထဲ မောင်းထွက်ခဲ့တာကြောင့် အမျိုးသမီးကို ကားနဲ့တိုက်ကာ ကားအောက်ရောက်သွားခဲ့ပါတယ်။

အနားမှာရှိနေတဲ့ သူတွေရဲ့ အော်ဟစ်သတိပေးမှုကြောင့် အမျိုးသမီးဟာ ကားကြိတ်ခံရတော့မယ့်ဆဲဆဲ ဘီးအောက်ရောက်ခါနီးမှာ ကားကရပ်သွားခဲ့ပါတယ်။

အနီးနားကလူတွေက ကားကို ဝိုင်းမပြီးမှ အမျိုးသမီးကို ဆွဲထုတ်ကာ ဆေးရုံပို့ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ဆေးရုံပေါ်မှာ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရှိရသည်။


ရုပ်သံအရ ယာဉ်မောင်းဟာ စည်းကမ်းမဲ့စွာနဲ့ လူသွားစင်္ကြန်ပေါ် တက်ရပ်ခဲ့သူ ဖုန်းပြောသူအမျိုးသမီးမှာလည်း မစဉ်းစားအဆင်ခြင်ပဲ ကားရှေ့ငုတ်တုပ်ထိုင်ကာ ဖုန်းပြောခဲ့တာကြောင့် မတော်တဆမှုဖြစ်စဉ်မှာ နှစ်ဦးစလုံး အပြစ်မကင်းကြသူတွေဖြစ်ပါတယ်။



Follow us on