
အတွင်းရေးမှူးကင်ရဲ့ ဒုဥက္ကဌ ကိုကိုပတ်ဆောဂျွန်ကတော့ နာမည်ကြီး အစားအသောက်တံဆိပ်တစ်ခုဖြစ်တဲ့ Domino Pizza ကို နာအွန်းလေးနဲ့အတူကြေငြာခဲ့ပါတယ်။ နာအွန်းလေးက KBS ရုပ်သံလိုင်းကထုတ်လွှင့်တဲ့ The return of super man အစီအစဉ်က လူချစ်လူခင်ပေါတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့မှာ Domino က၎င်းတို့ရဲ့ Youtube channel ကနေ ပတ်ဆောဂျွန်နဲ့ နာအွန်းတို့ရဲ့ ကြော်ငြာဗွီဒီယိုကိုတင်ပေးခဲ့ပါတယ်။ နာအွန်းလေး အသက် ၄နှစ်သာရှိသေးပေမဲ့ ဥာဏ်ကောင်းပြီး ချစ်စရာကောင်းတာကြောင့်လူချစ်လူခင်များလှပါတယ်။ ဒါကြောင့်မို့ Domino Pizza က ချစ်စရာကောင်းတဲ့နာအွန်းလေးနဲ့ ကိုကိုချောချော ပတ်ဆောဂျွန်တို့ကို ကြော်ငြာမော်ဒယ်အဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။
ကြောငြာထဲမှာ ပတ်ဆောဂျွန်ကပီဇာ ဖာကိုဖွင့်ဖောက်လိုက်တဲ့အခါမှာ အနံ့အရသာနဲ့ပြည့်စုံတဲ့ ပီဇာတစ်ချက်ကိုတွေ့ရပါတယ်။ ပတ်ဆောဂျွန်က နာအွန်းလေးကို ပီစာရဲ့ အရသာရှိပုံကို ကလေးစားချင်လာအောင်ပုံဖော်ပြီး ပြောပြနေတဲ့ပုံစံလေးသရုပ်ဆောင်ထားပါတယ်။
ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းကလဲ ပတ်ဆောဂျွန်က နာအွန်းလေးနဲ့ ကြော်ငြာရိုက်နေတဲ့ ရိုက်ကွင်းက ဓာတ်ပုံကို သူ့ရဲ့ Instagram စာမျက်နှာမှာ “ကလေးတွေအကုန်လုံးက နတ်သား၊နတ်သမီးလေးတွေလိုပဲ” လို့ ပို့စ်ရေးသားပြီးတင်ခဲ့ပါတယ်။
ချစ်စဖွယ်နာအွန်းလေးရဲ့အကြောင်းကို ဖတ်ချင်ရင်တော့ အောက်ပါလင့်ခ်လေးမှာ ဖတ်ရှုကြည့်နိုင်ပါတယ်။
https://bit.ly/2PvSvTX
comment