1. Home
  2. Special or Others

မြေကျွံကျခဲ့တဲ့ အမျိုးသမီး အသက်ရှင် (ရုပ်သံ)

Special or Others พ.ย. 16, 2561 view 1,643

နိုဝင်ဘာ ၁၁ ရက်နေ့က လူသွားစင်္ကြန် ပြိုကျခဲ့ကာ မြေပျိုမှုနဲ့အတူ လမ်းခင်းအုတ်နဲ့ ရိုက်မိပြီး မြေကြီးအောက် ရောက်သွားခဲ့သူ အမျိုးသမီး အသက်ရှင်ခဲ့ကြောင်း နောက်ဆက်တွဲသတင်းများအရ သိရှိရသည်။


အဆိုပါနေ့ညနေ ၅ နာရီ ၄၇ မိနစ်ခန့်တွင် တရုပ်နိုင်ငံ လန်ကျိုးမြို့မှာ ဖြစ်ပွားခဲ့ပြီး မြေပြိုမှုဟာ ၃ မီတာအကျယ် ၃ မီတာခန့်နက်သည့် တွင်းပေါက်ကြီးဖြစ်ကာ ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးဟာ မြေကျင်းထဲက ရွံ့နွံတွေကြားမှာ ခန္ဓာကိုယ်တစ်ဝက်လောက် နစ်မြုတ်နေခဲ့ပါတယ်။ အနီးရှိ ဆိုင်ကယ်စီးသူတစ်ဦးက အမျိုးသမီးကို အကာအကွယ်အနေနဲ့ ဆောင်းထားရန် သူ့ရဲ့ဆိုင်ကယ်စီးဦးထုတ်ကို တွင်းတဲ့ပစ်ချပေးခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးကပြောကြားခဲ့ပါတယ်။


စီစီတီဗီရုပ်သံထဲမှာ ဖြတ်သန်းသွားလာသူတစ်ယောက်က ကယ်တင်ဖို့ ကြိုးစားပေမယ့် ဆက်လက်ပြိုကျနေတာကြောင့် နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ မြေပြိုကျမှု ရပ်သွားပြီးနောက်မှာ အနီးနားက လူတစ်ယောက်က ကြိုးနဲ့ ဆင်းကာ ကယ်တင်ခဲ့ပြီး ဆေးရုံ ပို့ပေးခဲ့ပါတယ်။ နံရိုးနှစ်ချောင်း အက်သွားခဲ့ပေမယ့် ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း သိရှိရသည်။



Follow us on