1. Home
  2. Movie Stars - Celebrity

သမီးလေးလိုချင်ပေမယ့် မမွေးချင်ရတဲ့အကြောင်းကို ရင်ဖွင့်လိုက်တဲ့ မယ်လိုဒီ

Movie Stars - Celebrity พ.ย. 16, 2561 view 2,349

သရုပ်ဆောင်မယ်လိုဒီဟာဆိုရင် အနုပညာလောကထဲမှာ နေရာတစ်နေရာကိုရရှိထားသူဖြစ်ပြီး ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အ၀ရရှိထားသူဖြစ်ပါတယ်။ လက်ရှိမှာ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီကတော့တစ်သွားမွေးတစ်သွေးလှဆိုသလို ရင့်ကျက်တည်ငြိမ်တဲ့အလှတရားတို့ပေါင်းစပ်ကာ တင့်တယ်လှပလွန်းသူတစ်ယောက်ဖြစ်ပါတယ်။ ခေးမေတစ်ယောက်ဖြစ်ပေမယ့် အပျိုလေးတွေတောင်လည်ပြန်ငေးကြည့်ရအောင် လှလွန်းသူတစ်ယောက်မို့လဲ အများကသဲသဲလှုပ်ချစ်ခင်အားပေးနေကြတာပဲဖြစ်ပါတယ်။



တစ်ဦးတည်းသော သားချောလေးနဲ့အတူ နေ့စဉ်ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့ မေမေမယ်ဒီလိုတစ်ယောက် သမီးလေးတစ်ယောက်လိုချင်ပေမယ့် မမွေးချင်ရတဲ့အကြောင်းကိုတော့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရင်ဖွင့်ပြောဆိုလိုက်ပါတယ်။



မေမေမယ်လိုဒီပြောထားတာကတော့ “သမီးလေးမွေးချင်ပါတယ် ဒါပေမယ့်…. ဟယ် ညီမတွေလား… အမေ့အလှကို မမီဘူးလို့ ကျွန်မသမီးလေး အပြောခံရမှာစိုးလို့ပါ” ဆိုပြီး ရေးသားကာ လှပတဲ့သူမရဲ့ ပုံရိပ်တစ်ချို့နဲ့အတူ ခေးမေတစ်ယောက် စနောက်လိုက်တာပဲဖြစ်ပါတယ်။ ထိုပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တစ်ချို့ကပါ ခေးမေကို ပြန်လည်စနောက်ထားကြတာကိုတွေ့ရပါတယ်။







Follow us on